ထိုလယ်သဘောတူညီချက် တရုတ်-အာဆီယံရရှိ

2016-11-21 09:58:25 |သတင်းအရင်းအမြစ် 国际在线

ပင်လယ်ပိုးလမ်းမကြီးနှင့် ရောနှောပေါင်းစပ်ပြီး နိုင်ငံတကာကုန်ထုတ်လုပ်မှုစွမ်းအား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ခြင်း ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံနိုင်ငံတကာ ကုန်ထုတ်လုပ်မှုစွမ်းအားပူးပေါင်းဆောင်ရွက်ရေး ထိုလယ်ဖိုရမ်ကို ယခုလ ၁၆ရက်နေ့မှ ၁၇ရက်နေ့အထိ တရုတ်နိုင်ငံကွေ့ကျိုးပြည်နယ် ဖန်ရှယ့်ခရိုင် ထိုလယ်ရွာ၌ ကျင်းပခဲ့ပြီး တရုတ်နှင့်အာဆီယံ အစိုးရသက်ဆိုင်ရာအရာရှိများ၊ နာမည်ကျော်ပညာရှင်များ၊ လုပ်ငန်းခေါင်းဆောင်များ၃၀၀ခန့်တို့် ယင်းဖိုရမ်သို့ တက် ရောက်ခဲ့ကြသည်ဟုတရုတ်သတင်းဌာနမှသတင်းအရသိရသည်။

 ၁၇ရက်နေ့ပိတ်ပွဲအခမ်းအနားတွင် ဖိုရမ်သို့ တက်ရောက်ကြသော ကိုယ်စားလှယ် များသည် ထိုလယ်သဘောတူညီချက်ကို ရရှိခဲ့ပြီး ယင်းသဘောတူညီချက်အရ နှစ်ဖက် ကုန်ထုတ်လုပ်မှုအားသာချက်ကို အပြန်အလှန်ဖြည့်စွက်ရန် တက်ကြွစွာတွန်းအားပေးပြီး အတူစည်ပင်သာယာဝပြောရေးကို အကောင်အထည်ဖေါ်ရန်ဖြစ်ကြောင်းသိရသည်။