ပထမအကြိမ် တရုတ်-အာဆီယံ နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု ထိုလေဖိုရမ်ကို ၁၇ ရက်နေ့က တရုတ်ပြည် ကွေ့ကျိုးပြည်နယ် ဖန်ရှန့် ခရိုင်မှာ ဖွင့်လှစ်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများမှ အစိုးရအရာရှိများ သံတမန်များ၊ ကုန်သွယ်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များစုစုပေါင်း ၃၀၃ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း၊ ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်က အဆိုပါဖိုရမ်ကို တက်ရောက်ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဒေါ်သန္တာခိုင်က ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ ကွေ့ကျိုးပြည်နယ်သည် ယခင်က မြန်မာနိုင်ငံနှင့် ထိစပ်မှု အားနည်းခဲ့ ယမန်နေ့က မိမိသည် ကူမင်းမှ ဖန်ရှန့်အထိ လာသောခရီးစဉ်တွင် ကားနှင့် သုံးနာရီခွဲလောက်သာကြာကြောင်း၊ သို့ဖြစ်၍ ကွေ့ကျိုးပြည်နယ်ကိုလည်း ယူနန်ကဲသို့ လေကြောင်းအပြင် ကားလမ်းနှင့်လည်း သွားလာ၍ရကြောင်း၊ ဖန်ရှန့်အပါအဝင် ကွေ့ကျိုးပြည်နယ်နှင့် မြန်မာနိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်နိုင်ကြောင် ပြောကြားသွားသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် ကွေ့ကျိုး-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်က၊ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း အားလုံးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို သမာရိုးကျလုပ်ဆောင်ကြသော်လည်း ယခုအခါ သိပ္ပံနည်းကျကျ နည်းစနစ်ကျကျ ဆောင်ရွက်ကြကြောင်း၊ ကွေ့ကျိုးပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင်များအနေနှင့် နည်းပညာပိုင်းတွင် မြန်မာပြည်ကို လာရောက် ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ ဥပမာအားဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို စက်ယန္တရားအသုံးပြုနည်း၊ မျိုးကောင်းမျိုးစေ့များ research ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်နည်းများတွင် ကူညီထောက်ပံ့ပေးနိုင်ကြောင်း ပြောကြားသွားသည်။
ယခုအကြိမ်ဖိုရမ်မှာ ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ တောင်ပေါ်ဒေသခရီးသွားလာရေး၊ လယ်ယာစိုက်ပျိုးရေးနှင့်အစားအစာ၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးပစ္စည်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ခွဲ ၄ ခု ထားရှိသည်။ အစည်းအဝေး တက်ရောက်သူများက နက်ရှိုင်းစွာ ညှိနှိုင်းဆွေးနွေးပြီး တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူလူထုအတွက် အကျိုးဆောင် ပေးဖို့ မျှော်လင့်သည်။
လယ်ယာစိုက်ပျိုးရေးနှင့်အစားအစာဖိုရမ်ခွဲကို တက်ရောက်ခဲ့သော မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က၊ မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသနှင့် တောင်ပေါ်ကျွန်းများတွင် တောင်ယန်စပါးများနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း၊ တောင်ပေါ်ဒေသစိုက်ပျိုးရေးသည် ကွေ့ကျိုးပြည်နယ်တွင်လည်း များစွာ ဖွံ့ဖြိုးတိုးတက်သည်ကို မိမိမြင်တွေ့ကြောင်း၊ တောင်ပေါ်ဒေသစိုက်ပျိုးရေးဆိုင်ရာ သုတေသနများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး ဖလှယ်နိုင်သည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ အဖွဲ့အစည်းများနှင့်၊ တရုတ်နိုင်ငံရှိ အာဏာပိုင်အဖွဲ့အစည်းများ၊ တခြားလုပ်ငန်းရှင်များ ချိတ်ဆက်၍ နားလည်မှုစာချွန်လွှာအဆင့်အထိ ရောက်အောင် ဆောင်ရွက်ပြီးဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးလာမည်ဟု မိမိအနေနှင့် ယုံကြည်ကြောင်း ပြောကြားသွားသည်။
စွမ်းအင်နှင့် ဆောက်လုပ်ရေးပစ္စည်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ခွဲကို တက်ရောက်ခဲ့သော မြန်မာသစ်သားလုပ်ငန်းအသင်း ဂုဏ်ထူးဆောင်နာယက ဦးညိုလေးက၊ တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေး ရှေ့အလားအလာအပေါ် အကောင်းဘက်က မြင်ပါကြောင်း။
၎င်းက၊ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီးသော ကုန်သွယ်ဘက်နိုင်ငံဖြစ်မြဲဖြစ်နေကြောင်း၊ တရုတ်နိုင်ငံမှ တင်ပြသည့် OBOR(ခ) ပိုးလမ်းမကြီးစီးပွားရေး စကြံန်နှင့် ၂၁-ရာစုနှစ်ပင်လယ်ပြင်ပိုးလမ်းမကြီး ပေါ်လစီအတွက် မြန်မာနိုင်ငံဟာ အလွန် အရေးကြီးကြောင်း၊ ၄င်းပေါ်လစီသည် တရုတ်လုပ်ငန်းရှင်းများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် တွန်းအားပေးသကဲသို့ မြန်မာအတွက်လည်း အကျိုးရှိကြောင်း၊ ယခုချိန်သည် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ နောက်ဆုံးထုတ် နိုင်ငံခြားလုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံရေးဥပဒေသည် နိုင်ငံခြားလုပ်ငန်းရှင်များအတွက် ဒေသခံလုပ်ငန်းရှင်များနှင့် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ရန် အမခံပေးနေကြောင်း ပြောကြားသည်။