ရှီကျင့်ဖိန်သည် အီကွေဒေါ်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

2016-11-21 10:04:06 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် နိုဝင်ဘာလ၁၈ရက်နေ့က ကွီတိုမြို့၌  အီကွေဒေါ်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ ရီဗာဒေနေရာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်နှင့်အီကွေဒိုနှစ်နိုင်ငံမှ ဥပဒေပြုရေးရုံးဌါနများအကြား ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အီကွေဒိုဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံဥပဒေပြုရေးလုပ်ငန်းဌါနတို့အကြား ကူးလူးဖလှယ်မှုနှင့်ဆွေးနွေးပွဲကို ဆက်လက်ဆောက်ရွက်လိုကြောင်း ပြောကြားခဲ့ သည်ဟုသတင်းရရှိပါသည်။