လုံခြုံရေးပူးပေါင်းဆောင်မှုကိုကုလနှင့်အာဖရိကသမဂ္ဂတွန်းအားပေးရန် တရုတ်ထောက်ခံ

2016-11-21 10:11:23 |သတင်းအရင်းအမြစ် 国际在线

၁၈ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်  ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂအကြားငြိမ်းချမ်းရေးနှင့်လုံခြုံရေးနယ်ပယ်၌မိတ်ဖက်ဆက်ဆံမှုကို တွန်းအားပေးခြင်း တံခါးဖွင့်အစည်းအဝေးကို ကျင်းပပြီး ကုလသမဂ္ဂနှင့် အာဖရိက သမဂ္ဂလုံခြုံရေးဆက်ဆံမှုကို တွန်းအားပေးရန်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ထိုနေ့တွင်ပြင် ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ် လျူကျယ်ယီက ကုလသမဂ္ဂနှင့် အာဖိရိကသမဂ္ဂတို့သည် လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် တရုတ် ထောက်ခံအားပေးကြောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။