အစိုးရ သက်တမ်း ၈ လတာ အတွင်း ဒုတိယ ၀န်ကြီး တစ်ဦးအား တာဝန်မှ ရပ်စဲ

2016-11-21 10:13:50 |သတင်းအရင်းအမြစ် 国际在线

နေပြည်တော် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အစိုးရသစ် လက်ထက် ဧပြီလမှ စတင်၍ ၈ လတာ ကာလ အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဖြစ်သူ ဒေါက်တာ ထွန်းဝင်းအား တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့် အမှတ်(၅၉/၂၀၁၆)အား နိုဝင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးအား တာဝန်မှ ရပ်စဲကြောင်း အမိန့် ကြေငြာစာတွင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၆၉ ၊ ပုဒ်မခွဲ(က) တို့ ပါ ပြဋ္ဌာန်းချက်များ အရ တာဝန်မှ ရပ်စဲလိုက်ကြောင်း ဖော်ပြပါရှိသည်။

ဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ “နိုင်ငံတော် သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းအား ယခုနှစ် မေလ ၂ ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ အမိန့် အမှတ် (၃၆/၂၀၁၆)ဖြင့် ခန့် အပ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။(Xinhua)