ဒေသစံတော်ချိန်ယမန်နေ့၁၉ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန် သည် ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပသော အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးခေါင်းဆောင်များထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ဖွံ့ဖြိုးရေးတွန်းအားကို အားသစ်လောင်းပေး ဟူသော မိန့်ခွန်းကို ပြောကြားခဲ့သည်။ ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မျက်မှောက် အာရှပစိဖိတ်ဒေသဖွံ့ဖြိုးရေးတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုကို ရည်စူးပြီး အာရှပစိဖိတ်ဖွံ့ဖြိုးရေးကို တွန်းအားပေးသော အသွေးအခေါ်သစ်နှင့် ဆောင်ရွက်ချက်သစ် ကို တင်ပြခဲ့သည်ဟုစီအာအိုင်သတင်းအရသိရသည်။