တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ချီလီနိုင်ငံသို့ ခရီးလှည့်လည်တော့မည်ဖြစ် သည်။ယင်းသည် ရှီကျင့်ဖိန်က တရုတ်အမြင့်ဆုံးခေါင်းဆောင်အနေနှင့် ယင်းတောင်အာဖရိကနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးလှည့်လည်ခြင်းဖြစ်သည်။ ချီလီနိုင်ငံဆိုင်ရာတရုတ်စီးပွားရေးသံမှူးလျိုရူထောင်းက ဥက္ကဋ္ဌရှီကျင့်ဖိန်၏ယခုတစ်ကြိမ် ခရီးစဉ်သည် တရုတ်-ချီလီဆက်ဆံရေး၏ မှတ်တိုင်အသစ်ဖြစ်မည်ဖြစ်ပြီး အာရှပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တည်ဆောက်ရေးအတွက် အကျိုးရှိမည်ဟုပြောကြား ကြောင်းစီအာအိုင်သတင်းအရသိရသည်။