ဒေသစံတော်ချိန်၁၉ရက်နေ့တွင် ဖေဘုတ်တီထွင်ဖန်တီးသူနှင့် စီအီအို မားခ် ဇာခ်ဘယ်ဂ် သည် ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပသော ၂၀၁၆ အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးခေါင်း ဆောင်များထိပ်သီးအစည်းအဝေး၌ အင်တာနက်ချိတ်ဆက်မှုတော်လှန်ရေး ဆိုင်ရာ မိန့်ခွန်း ကို ပြောကြားခဲ့သည်။သူက အင်တာနက်ချိန်ဆက်ခြင်းသည် တစ်ကမ္ဘာလုံးစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးပုံကို ထပ်လောင်းပြောကြားပြီး အင်တာနက်ချိတ်ဆက်ခြင်း သည် ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ပြီး စည်ပင်သာယာသော အနာဂတ်ကို ဖန်တီး သော လျှောက်ရမည့်လမ်းကြောင်းဖြစ်သည်ဟုပြောကြားကြောင်းစီအာအိုင်သတင်းအရ သိရသည်။