တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် နိုဝင်ဘာလ၁၉ရက်နေ့က လီမာမြို့၌ ကိုလံဘီယာသမ္မတ ဇန်တိုစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
သမ္မတဇန်တိုစ်က တရုတ်ပြည်သည် ကိုလံဘီယာနိုင်ငံ၏ ဖိတ်ဆွေကောင်းဖြစ်ကြောင်း၊ ကိုလံဘီယာနိုင်ငံသည် တရုတ်-ကိုလံဘီယာဆက်ဆံမှုကို မြင့်မားစွာချီးကျူးပြီး ကိုလံဘီယာငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တရုတ်ပြည်၏ အားပေးထောက်ခံခြင်းကို ကျေးဇူးပါကြောင်း၊ ကိုလံဘီယာဘက်သည် တရုတ်-လက်တင်အမေရိကဆက်ဆံမှုကို တွန်းအားပေးရန် ထောက်ခံပြီး ပစိဖိတ်မဟာမိတ်အဖွဲ့နှင့် တရုတ်အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရန် ဆန္ဒရှိကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။