တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၉ရက်နေ့က လီမာမြို့၌ ဗီယက်နမ်နိုင်ငံတော်ဥက္ကဋ္ဌ ချမ်ဒိုင်ချွမ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။
ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်-ဗီယက်နမ်နှစ်နိုင်ငံတို့သည် ဆွေးနွေးပွဲနည်းလမ်းဖြင့် သဘောကွဲလွဲမှုကို ဖြေရှင်းပြီး တောင်ပင်လယ်၏ ငြိမ်းချမ်တည်ငြိမ်ရေးကို ထိန်သိမ်းလိုကြောင်း၊ ၂၀၁၇ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် APECအဖွဲ့၏ အိမ်ရှင်နိုင်ငံဖြစ်ခြင်းအပေါ် တရုတ်ပြည်သည် အားပေးပြီး ၂၀၁၇ခုနှစ်APEC အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပရန် ဗီယက်နမ်နှင့်အတူ ကြိုးပမ်းဆောင်ရွက်လို ကြောင်းပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။