တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအေ

2016-11-22 09:04:21 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလေးအနက်ဂရုပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ဒေသအချို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍လည်း အလေးအနက်ဂရုပြုပါကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးမှတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်စေရန် တရုတ်နိုင်ငံဘက်မှတိုက်တွန်းကြောင်း နိုဝင်ဘာလ (၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကသက်ဆိုင်ရာဘက်အသီးသီးမှ ချုပ်ထိန်းပြီး ပစ်ခတ်မှုများကိုရပ်စဲစေရန် နှင့် ထိပ်တိုက်တွေ့မှုများ ပိုမိုမပြင်းထန်စေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကလည်း တရုတ်တပ်မတော်သည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွင်း ပစ်ခတ်မှုများနှင့်သက်ဆိုင်သည့် အဖက်ဖက်သည် အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီးထိပ်တိုက်တွေ့မှုများ ပိုမိုမပြင်းထန်လာစေရန်မျှော်လင့်ကြောင်း၊  ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်မျှော်လင့်ကြောင်း၊ တရုတ်တပ်မတော်သည် လိုအပ်သည်များကို သတိရှိရှိအာရုံစူးစိုက်ပြီး မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိန်းသိမ်းစောင့်ရှောက်၍ တရုတ်နယ်စပ်ဒေသရှိ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)