အေပက်အဖွဲ့ ၂၄ အကြိမ် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ၂၀ ရက်နေ့က ပီရူးနိုင်ငံ လီမာမြို့တော်၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် အေပက်အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် အရည်အသွေးမြင့်မားစွာ တိုးတက်ရေးနှင့် လူသား၏ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပြီး အစည်းအဝေး အပြီးတွင် ထိပ်သီးခေါင်းဆောင်များ ကြေညာစာတမ်းကို ထုတ်ပြန်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။