မြန်မာ အစိုးရတပ်ဖွဲ့နှင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များ ပစ်ခတ်မှု ဖြစ်ပွါး

2016-11-22 10:45:56 |သတင်းအရင်းအမြစ် 国际在线

မြန်မာ အစိုးရသည် ယခုလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး၊ ရှမ်းပြည်နယ် မူဆယ်နှင့် မူဆယ် အမှတ် ၁၀၅ ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှ တပ်ဖွဲ့နှင့် ရဲဂိတ်များသည် ၂၀ ရက်နေ့တွင် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် ဒေသခံ အရပ်သူအရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖေါ်ပြ ခဲ့ကြောင်း၊ သို့သော် အခြားသော ဒေသခံမီဒီယာမှ သတင်းအရ နှစ်ဖက်တို့ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ရာတွင် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။