မြန်မာမြောက်ပိုင်းဒေသသက်ဆိုင်ရာအရေးအခင်းကို တရုတ်နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာန

2016-11-22 15:16:59 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နေ့၂၀ရက်နေ့က မြန်မာနိုင်ငံ မြောက်ပိုင်းအရေးအခင်းနှင့်ပတ်သက်၍ တရုတ်တပ်ဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်း သက်ဆိုင်ရာအရေးအခင်းကို နီးကပ်စွာ ဂရုစိုက်ကြောင်း၊ အငြင်းပွားနေသော နှစ်ဦးနှစ်ဖက် ထိန်းချုပ်နိုင်ရန်မျှော်လင့်ကြောင်းဖေါ်ပြခဲ့သည်။

 ယမန်နေ့၂၀ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်းနေရားများစွာတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး အဲဒီမှအရှိန်လွန်လာသောကျည်ဆံများသည် တရုတ်ပြည်အတွင်းကျဆင်းကာ ဒုက္ခသည်အတော်များများသည် တရုတ်မြန်မာနယ်စပ်သို့

ရောက်ရှိလာကြသည်ဟုသက်ဆိုင်ရာသတင်းအရသိရသည်။ဒီသတင်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းသည့်အပေါ် တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဌာန သတင်းပြန်ကြားရေးရုံးမှတာဝန်ရှိသူတစ်ဦးက တရုတ်တပ်ဖွဲ့အနေနှင့် လိုအပ်သော ဆောင်ရွက်ချက်ကို ကျင့်သုံးပြီး နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ခွင့်လုံခြုံရေးကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ကာ တရုတ်နယ်စပ်ပြည်သူများ၏ အသက်နှင့် ဓနဥစ္စာလုံခြုံမှုကို ထိန်းသိမ်းကာကွယ်မည်ဟုပြောပါသည်။