အေပက်အဖွဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး ပြီးမြောက်

2016-11-22 15:18:53 |သတင်းအရင်းအမြစ် 国际在线

အေပက်အဖွဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ၂၀ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းက လီမာမြို့၌ ကျင်းပ ပြီးစီး ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ပိတ်ပွဲအခမ်းအနားတွင် ပီရူးသမ္မတ ကူဇင်စကီက၊ ယခုအကြိမ် အစည်အးဝေးတွင် အောင်မြင်မှုများပြီး ဘက်အသီးသီးတို့သည် ကောင်းမွန်သော သဘောတူညီမှုများကို ရရှိ ခဲ့ကြောင်း ပြောကြားသည်။

၎င်းသည် အာရှ ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံက အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို အထူး ချီးကျူးခဲ့သည်။