အေပက် စက်မှုကုန်သွယ်ရေး ခေါင်းဆောင်များ အစည်းအဝေးတွင် ရှီကျင့်ဖိန် မိန့်ခွန်းပြော

2016-11-22 15:32:59 |သတင်းအရင်းအမြစ် 国际在线

၂၀၁၆ခုနှစ် အေပက် စက်မှုကုန်သွယ်ရေး ခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့က ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်ပြီး မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစေပြီး ဖွံ့ဖြိုးရေးကို ပိုမိုတွန်းအားပေးခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က အေပက်အဖွဲ့သည် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် လမ်းကြောင်းသစ် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ၄င်းနှင့်ပတ်သက်ပြီး တိုက်တွန်းချက် ၄ ရပ်ကို တင်ပြမိပါကြောင်း၊ အေပက်လွတ်လပ်သော စီးပွားရေးဇုန် တည်ဆောက်ရေးကို ဦးလည်မသုန် ဆောင်ရွက်ပြီး အေပက် တံခါးဖွင့် စီးပွားရေးအတွက် စနစ်အရ အာမခံပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန် တင်ပြသော တိုက်တွန်းချက် ၄ ရပ်သည် စီးပွားရေး တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို တွန်းအားပေးပြီး တံခါးဖွင့်စီးပွားရေးကို တည်ဆောက်ခြင်း၊ အပြန်အလှန်ဆက်သွယ်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးပြီး ရှင်သန်အား မြှင့်တင်ခြင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစေခြင်းတို့ဖြစ်ကြောင်း သတင်းအရ သိရသည်။