အေပက်အဖွဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တက်ရောက်ပြီး အနာဂတ်ကို ရှေးရှုပြီး တိုးတက်သည့် အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးကို တွန်းအားပေးခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ဥက္ကဋ္ဌရှီကျင့်ဖိန်က အေပက် မိတ်ဘက်ဆက်ဆံမှုကို နက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ တံခါးဖွင့်ရေးဖြင့် အကျိုးတူ ရှာကြံမည်ဖြစ်ကြောင်း၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးဖြင့် စည်ပင်သာယာရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ အဆက်မပြတ် တိုးတက်ပြီး အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးရေး၏ သာယာသော ရှေ့အလားအလာကို ဖန်တီးပေးကြမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရသည်။