မြန်မာ မြောက်ပိုင်းဒေသ အပစ်အခတ် ဖြစ်ပွါးမှုနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး

2016-11-22 15:39:20 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ အစိုးရ တပ်ဖွဲ့ အကြား အပစ်အခတ် ဖြစ်ပွါးခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခုလ ၂၀ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။ ၄င်းက၊ သက်ဆိုင်ရာတို့ အနေနှင့် ကိုယ့်ကိုကိုယ် ချုပ်တည်းပြီး စစ်ရေးဆောင်ရွက်မှုကို ရပ်စဲကာ အငြင်းပွါးမှု ပိုမဆိုးဝါးလာအောင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုလ ၂၀ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဒေသ မြန်မာဘက်အတွင်း ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတပ်ဖွဲ့အကြား အပစ်အခတ် ဖြစ်ပွါးခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး ကင်စွမ်က၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်း တည်ငြိမ်ရေးကို လွန်စွာ အလေးထားကြောင်း၊ ယင်းအပစ်အခတ် ဖြစ်ပွါးခဲ့ခြင်းကို မြင့်မားစွာ အာရုံစိုက်နေကြောင်း၊ သက်ဆိုင်ရာတို့အနေနှင့် တိုင်ပင်ဆွေးနွေးမှုကို စွဲကိုင် နိုင်ရန်၊ မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ် ထိန်းသိမ်းဖို့အတွက် ထိရောက်စွာ ကြိုးပမ်းနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး၊ ယခုလ ၂၀ ရက်နေ့က မြန်မာ အစိုးရတပ်ဖွဲ့နှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တို့သည် တရုတ်ပြည်နှင့် နီးကပ်သောဒေသ၌ စစ်ရေးအငြင်းပွါးမှု ဖြစ်ပွါးခဲ့ သဖြင့် နယ်စပ်နေ မြန်မာပြည်သူများ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ရှောင်တိမ်းခဲ့ကြကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အနေနှင့် တရုတ် ဒေသခံ အစိုးရသည် ၄င်းတို့အား ယာယီ လက်ခံပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ခဲ့ပြီ ဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။