ပထမ အကြိမ် တရုတ်-မြန်မာ သစ်တော အရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေးနှင့် လူနေရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ယခုလ ၂၀ ရက်နေ့က တရုတ်ပြည် ကူမင်း မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နှင့် မြန်မာ ကိုယ်စားလှယ် ၁၀၀ ခန့်တို့ ဖိုရမ်သို့ တက်ရောက် ကြပြီး ဇီဝမျိုးစုံ တည်ရှိရေး ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တော အရင်းအမြစ်များ စီမံအုပ်ချုပ်ရေး၊ တောမီး ကြိုတင်ကာကွယ်ရေး၊ သစ်တော စီးပွါးရေးနှင့် လူနေ ရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။
ယခုအကြိမ် တစ်ပတ်ကြာ ကျင်းပမည့် ဖိုရမ်၏ ဆောင်ပုဒ်သည် ပတ်ဝန်းကျင် ထိန်းသိမ်းထားသော သာယာလှပသည့်ရပ်ရွာ လက်တွဲ တည်ထောင်ခြင်း ဖြစ်သည်။