မကြာမီက တရုတ် နိုင်ငံတော် ကောင်စီ အမြဲတမ်း ကော်မတီ အစည်းအဝေး တွင် "၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံချက်"ကို အတည်ပြု ပြဌာန်းခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
တရုတ် သဘာဝ ပတ်ဝန်းကျင် ထန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ၄င်းစီမံချက်အရ ၂၀၂၀ပြည့်နှစ်တွင် သဘာဝ ပတ်ဝန်းကျင် အရည်အသွေး ကောင်းမွန်စေရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ပြီး ပြည်သူများ အတွက် ပိုမိုများပြားပြီး သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းမဲ့သော ကုန်ပစ္စည်းများကို ထောက်ပံ့မည် ဖြစ်ကြောင်း ပြောကြား သည်။
တရုတ် သဘာဝ ပတ်ဝန်းကျင် ထန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျောက်ယင်းမင်က မကြာမီက နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် လာမည့် ၅နှစ် အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ အထွေထွေ အတွေးအခေါ်မှာ ပတ်ဝန်းကျင် အရည်အသွေး တိုးမြှင့်ကောင်းမွန်းစေရေးကို အခြေခံကျသော လုပ်ငန်းတာဝန် အဖြစ် ထားရှိပြီး သဘာဝ ပတ်ဝန်းကျင်နယ်ပယ်မှ အဓိက ကြုံတွေ့နေရသော ပြဿနာများ ဖြေရှင်းရေးကို အဓိက ထားဆောင်ရွက်မည် ဖြစ်ကြောင်း၊ အတင်းကျပ်ဆုံး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စနစ်ကို ကျင့်သုံးမည် ဖြစ်ကြောင်း၊ လေထု၊ ရေနှင့် မြေသြဇာ ညစ်ညမ်းမှု ကြိုတင် ကာကွယ်ရေးနှင့် ပြုပြင်ရေးကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ် ရောက်လျှင် ကုန်ထုတ်လုပ်နည်းနှင့် နေထိုင်မှု ပုံစံကို ညစ်ညမ်းမှု မရှိဘဲ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှုရှိစေပြီး အဓိက ညစ်ညမ်းမှု ထုတ်လွှတ်သည့် ပမာဏ အမြန်ဆုံး လျော့နည်းကာ ပတ်ဝန်းကျင် အန္တရာယ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။