ရန်ကုန် လိုင်စင် ယာဉ်နံပါတ် အနက်များကို နံပါတ်အနီ ပြောင်းလဲခြင်းခွင့်ပြုမည်မဟုတ်

2016-11-23 10:28:12 |သတင်းအရင်းအမြစ် 新华网

ရန်ကုန်၊ နိုဝင်ဘာ ၂၂ရက် (ဆင်ဟွာ)

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ရန်ကုန်လိုင်စင်ဖြင့် ချထားသော ယာဉ်နံပါတ်အနက်များကို အနီအဖြစ် ပြောင်းလဲ၍ အငှားယာဉ်အဖြစ် ပြေးဆွဲခြင်းကို တိုင်းဒေသကြီး အတွင်း၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခွင့်ပြုမည် မဟုတ်သကဲ့သို့ ၂ဝ၁၇ ခုနှစ်တွင်လည်း ထပ်မံကန့်သတ်ကာ ခွင့်ပြုဦးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

လာမည့်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ရန်ကုန်လိုင်စင် ယာဉ်များထဲမှ နံပါတ်အနီယာဉ်များကို အနက် သို့ ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း၊ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်လိုင်စင်ဖြင့် ယာဉ်များကို ၂ဝ၁၇ ခုနှစ်ထဲတွင် နံပါတ်အနီမှ အနက်သို့ ပြောင်းလဲခြင်းအား ပိုင်ရှင် စိတ်ကြိုက် အချိန်မရွေး ဆောင်ရွက် ခွင့်ပေးသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ က-ည-နရုံးများ၌ သွားရောက် ပြောင်းနိုင်ကြောင်း သိရသည်။  (Xinhua)