တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၁ ရက်နေ့က လီမာမြို့၌ ပီရူး သမ္မတ ကူဇင်စကီနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ ယခုအကြိမ် ခရီးစဉ်မှတဆင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာကို နက်ရှိုင်းစေရန်၊ နှစ်ဖက်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။
ကူဇင်စကီက၊ မျက်မှောက်ကာလ၌ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ဆိုက်တိုက် တိုးတက်လာပြီး နှစ်ဖက်အကြား စီးပွါးကုန်သွယ်ရေးနှင့် လူမှုရေး နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကောင်းမွန်ပါကြောင်း ပြောကြားသည်။