တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၁ ရက်နေ့ ညနေပိုင်းက ပီရူးနိုင်ငံ လွှတ်တော်၌ - တစ်လှေတည်းစီး၊ တခရီးတည်းသွား၊ တရုတ်-လက်တင်အမေရိက သာယာ လှပသော အနာဂတ်ရေးကို လက်တွဲ တည်ထောင်ကြစို့ - ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။
ရှီကျင့်ဖိန်သည် အဆိုပြုချက် လေးရပ်ကို တင်ပြထားသည်။ ယင်းတို့သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အလံကို ကိုင်ဆောင်ထားခြင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာများ ဆက်သွယ်မှုကို တွန်းအားပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အဆင့်တိုးမြှင့်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များကို အတူ မျှဝေခြင်းတို့ ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။