မြန်မာ ပစ်ခတ်မှုများတွင် လူ ၈ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာ ရရှိ

2016-11-23 10:40:16 |သတင်းအရင်းအမြစ် 国际在线

မြန်မာအစိုးရမှ ယခုလ ၂၀ ရက်နေ့ညက ထုတ်ပြန်သော သတင်းအရ၊ ၂၀ ရက်နေ့ မြန်မာ မြောက်ပိုင်းဒေသ၌ ဖြစ်ပွါးခဲ့သော ပစ်ခတ်မှုများတွင် လူ ၈ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအဝင် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးလေးငါးဖွဲ့တို့သည် ရှမ်းပြည်နယ် မူဆယ်နှင့် မူဆယ် ၁၀၅-မိုင် ကုန်သွယ်ရေးဇုန်ရှိ တပ်ဖွဲ့နှင့် ရဲဂိတ်များအား လက်နက်ကိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသည် ကြေညာချက် ထုတ်ပြန်ပြီး အငြင်းပွါးရာ ဘက်အသီးသီးတို့ အနေနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး တရုတ်-မြန်မာ နယ်စပ် အေးချမ်းရေး ပြန်လည် ရရှိ စေဖို့ ထိရောက်သော ဆောင်ရွက်မှု ပြုလုပ်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။