ကမ္ဘောဒီးယား ဆန်တစ်ဝက်လောက် တရုတ်သို့ ရောင်းချ

2017-03-14 10:23:45 |သတင်းအရင်းအမြစ် 国际在线

ယခုနှစ်ပထမ နှစ်လတွင် ကမ္ဘောဒီးယားနိုင်ငံမှ ပြည်ပသို့တင်ပို့ရောင်းချသော ဆန်ပမာဏမှာ စုစုပေါင်း ၁၀ တန်ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၄.၂ ရာခိုင်နှုန်းတိုးများလာကာ ယင်းတို့အနက် တက်ဝက်လောက်အား တရုတ်သို့ ရောင်းချပြီဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

နောက်ဆုံးစာရင်းအရ ယခုနှစ်ပထမ နှစ်လတွင် ကမ္ဘောဒီးယား၏ဆန်ကို ကမ္ဘာ့ ၄၇ နိုင်ငံသို့ရောင်းချပြီး မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူစသော အာဆီယံနိုင်ငံများလည်း ပါဝင်ကြောင်း သိရပါသည်။