ယူနန်လုပ်ငန်း(၇)ခုသည် တရုတ်အင်အားတောင့်တင်းသောလုပ်ငန်းအဖွဲ့ ၅၀၀ စာရင်းထဲ ပါဝင်

2017-09-11 18:15:28 |သတင်းအရင်းအမြစ် 云南日报

      ယမန်နေ့ နံနက်ပိုင်းက ကျန်းရှီးပြည်နယ် နန်ချန်းမြို့၌ ၂၀၁၇ ခုနှစ် တရုတ် အင်အားတောင့်တင်းသော လုပ်ငန်းအဖွဲ့(၅၀၀)ခု ထိပ်သီးအစည်းအဝေး ကျင်းပရာ ၂၀၁၇ ခုနှစ် တရုတ်အင်အားတောင့်တင်းသော လုပ်ငန်းအဖွဲ့(၅၀၀)စာရင်းကို ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ရာ ယူနန်ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုဦးပိုင် ကုမ္ပဏီလီမိတက်အုပ်စု အပါအ၀င် ယူနန်လုပ်ငန်းအဖွဲ့(၇)ခုသည် အဆိုပါစာရင်း တွင် ပါဝင်ကြသည်။

     ၎င်းစာရင်းတွင် ပါဝင်သော ယူနန်လုပ်ငန်းအဖွဲ့(၆)ခုဖြစ်သည့် ယူနန်ရင်းနှီးမြှုပ် နှံမှု ဦးပိုင်ကုမ္ပဏီလီမိတက်အုပ်စုသည် အဆင့်(၂၁၉)၊ ယူထျန်ဟွကုမ္ပဏီလီမိတက် သည် အဆင့်(၂၃၉)၊ ယူနန်စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်အုပ်စုသည် အဆင့်(၂၅၀)၊ ကူမင်းသံမဏိ ဦးပိုင်ကုမ္ပဏီလီမိတက်သည် အဆင့်(၃၀၈)၊ ယူနန် ခဲမဖြူသတ္တု ကုမ္ပဏီလီမိတက်အုပ်စုသည် အဆင့်(၃၁၆)၊ ယူနန်သတ္တုကျိုချက်မှု ကုမ္ပဏီလီမိတက်အုပ်စုသည် အဆင့်(၄၀၉)တို့ဖြင့် ရပ်တည်နေကြသည်။

     ထုတ်ပြန်သောစာရင်းအရ ယူနန်ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုဦးပိုင်ကုမ္ပဏီ လီမိတက်အုပ်စုသည် လုပ်ငန်းဝင်ငွေ တရုတ်ယွမ်(၈၂.၀၉၃) ဘီလီယံဖြင့် အဆင့် (၁၈၃)တွင် ရပ်တည်နေပြီး ယူနန်လုပ်ငန်းအဖွဲ့ထဲတွင် ပထမနေရာ၌တည်ရှိသည်။ လွန်ခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် အဆင့်(၁၁၆)ကို အရှိန်အဟုန် မြှင့်တက်လာခြင်း ဖြစ်သည်။ ယူနန်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်အုပ်စုနှင့် ကူမင်းသံမဏိဦး ပိုင်ကုမ္ပဏီလီမိတက်သည် အဆင့်(၆၃)၊  အဆင့်(၅၈)တို့ဖြင့် အသီးသီး မြှင့်တက် လာကြသည်။ ယူထျန်ဟွကုမ္ပဏီလီမိတက်နှင့် ယူနန်ခဲမဖြူသတ္တုကုမ္ပဏီလီမိတက် အုပ်စုသည် အဆင့်(၆)၊ အဆင့်(၂)တို့ဖြင့် အဆင့်ကျဆင်းသော်လည်း လုပ်ငန်း ၀င်ငွေကမူ မနှစ်ကထက် တရုတ်ယွမ်(၃.၄၂၄)ဘီလီယံနှင့် (၅.၂၈၃)ဘီလီယံကို အသီးသီးတိုးများလာကြသည်။

   “၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့အင်အားတောင့်တင်းမှုအရှိဆုံးလုပ်ငန်းအဖွဲ့(၅၀၀)စာရင်းထဲမှာ ပါဝင်ဖို့အတွက် ယူနန်ဆောက်လုပ်ရေးရင်းနှီးမြှုပ်နှံမှုဦးပိုင်ကုမ္ပဏီ လီမိတက်အုပ်စုဟာ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင် မှာ ဖြစ်ပါတယ် ။ ဒီနှစ် ကျွန်တော်တို့ ကုမ္ပဏီဟာ လုပ်ငန်းဝင်ငွေ(၁၁၀)ဘီလီယံရရှိဖို့ ရည်ရွယ်ထားပါတယ်။ အခုကမ္ဘာ့အင်အားတောင့်တင်းမှုအရှိဆုံးလုပ်ငန်းအဖွဲ့(၅၀၀) စာရင်းဝင်ဖို့ လုပ်ငန်းဝင်ငွေမှာ (၁၄၅.၈၅၄) ဘီလီယံ အနည်းဆုံးလိုပါတယ်။ ဒီအတိုင်းခန့်မှန်းရင် ကျွန်တော်တို့ ရည်ရွယ်ချက် ဖော်ဆောင်နိုင်တော့မှာဖြစ် ပါတယ်" ဟု နန်ချန်းမြို့တွင် ဖိုရမ်ကို တက်ရောက်နေသော ယူနန်ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုဦးပိုင်ကုမ္ပဏီလီမိတက်အုပ်စု ပါတီဒုတိယအတွင်းရေးမှူး၊ အထွေထွေ မန်နေဂျာ လျူကော်ချမ်းက သတင်းထောက်ကို ပြောသည်။

      ၂၀၁၇ခုနှစ် တရုတ် အင်အားတောင့်တင်းသောလုပ်ငန်းအဖွဲ့(၅၀၀)စာရင်းထဲ အဆင့် အရှိန်အဟုန် မြှင့်တက်လာသောကြောင့် ကျွန်တော်တို့ကုမ္ပဏီ အင်အားတောင့် တင်းမှု ပိုရှိလာပါသည်၊ ဖွံ့ဖြိုးတိုးတက်နေသောခြေလှမ်း ပိုမြန်လာပါ သည်၊ ကမ္ဘာ့ အင်အားတောင့်တင်းမှုအရှိဆုံးလုပ်ငန်းအဖွဲ့(၅၀၀) စာရင်းထဲပါဝင်ဖို့ ယုံကြည်မှု ပိုရှိလာပါသည် စသည်ဖြင့် သူက ဆက်လက်ပြောကြားပါသည်။

    သတင်းအရ ယခုအကြိမ်  တရုတ် အင်အားတောင့်တင်းသော လုပ်ငန်းအဖွဲ့ (၅၀၀)ခု ထိပ်သီးဖိုရမ် အဓိကဆောင်ပုဒ် မှာ “တီထွင်ကြံဆလုပ်ကိုင်ခြင်းနှင့် တာ ဝန်ထမ်းဆောင်ဝံ့ခြင်းဖြင့် ကောင်းမွန်အောင်၊ အင်အားတောင်းတင့်အောင် လုပ် ဆောင်”ဟူ၍ ဖြစ်သည်။ ၎င်းဖိုရမ်ကို တရုတ်လုပ်ငန်းအဖွဲ့အသင်းမှ ဦးစီးကျင်းပပြီး ကျန်းရှီးပြည်သူ့အစိုးရမှ တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်သည်။

 

                                    သတင်းအရင်းအမြစ်။။ယူနန်နေ့စဉ်သတင်းစာ

ဘာသာပြန်။ ။ မင်္ဂလာမဂ္ဂဇင်းတိုက်