ပဉ္စမ အကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ မိတ်ဆက်ပွဲ ပီကင်းတွင် ကျင်းပ

2017-12-14 18:00:06 |သတင်းအရင်းအမြစ် 国际在线

  တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့်ယူနန်ပြည်နယ်အစိုးရတို့သည် ပူးတွဲဦးစီးကျင်းပ သော ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၅ ကြိမ်မြောက် တရုတ်ကူမင်း သွင်းကုန်ပို့ကုန် မိတ်ဆက်ပွဲကို ယခုလ ၁၂ ရက်နေ့က ပီကင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ ပဉ္စမ အကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၅ ကြိမ်မြောက်တရုတ်ကူမင်း သွင်းကုန်ပို့ကုန် အရောင်းအဝယ်ပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကူမင်းမှာ ကျင်းပမည်ဖြစ်ပြီး ယင်းကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် Belt and Road သို့ ပါဝင်၊ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြပါသည်။