“မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း”မွမ်းမံသင်တန်းကို ကူမင

2017-12-27 18:04:54 |သတင်းအရင်းအမြစ် 云桥网

၂၀၁၇ ခုနှစ် ယူနန်ပြည်နယ် “မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည် ကြည့်ရှုခြင်း”မွမ်းမံသင်တန်းကို ယခုလ ၂၆ ရက်နေ့က ကူမင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း ယူနန်နေ့စဉ်သတင်းစာအရ သိရသည်။ ယူနန်ပြည်နယ်ခရီးသွားလာရေးဌာနများနှင့် ခရီး သွားရှုခင်းဇုန်များမှ သက်ဆိုင်ရာပုဂ္ဂိုလ်(၃၀၀)ဦးသည် ဤသင်တန်းကို တက်ရောက်ခဲ့ကြ သည်။

သင်တန်းတွင် Tencent ကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ရှိသူသည် “မိုဘိုင်းဖုန်း တစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း”၊ မြို့ပြနာမည်ကတ်၊ ဧည့်လမ်းညွှန်၊ “မို ဘိုင်းဖုန်းတစ်လုံးဖြင့် လှည့်လည်ကြည့်ရှုခြင်း”စီမံကိန်း၏ လက်တွေ့ဖော်ဆောင်ချက် စသည့်အကြောင်းအရာ(၁၀) ခု ကျော်အပေါ် ရှင်းလင်းပြောကြားခဲ့သည်။  “မိုဘိုင်းဖုန်း တစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း”လုပ်ငန်းစဉ်ဖော်ဆောင်ရေး၏ အဓိပ္ပာယ်၊ အဓိကအကြောင်းအရာနှင့် တစ်ခုလုံဖွဲ့စည်းပုံကို သင်တန်းသူသင်တန်းသားများအား ပိုမိုသိရှိစေကြောင်း သိရသည်။

ယခုအကြိမ်သင်တန်းမှာ “မိုဘိုင်းဖုန်း တစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း”စီမံကိန်းတည်ဆောက်ရေး၏  အလုပ်တာဝန်နှင့်နည်းပညာစံနှုန်း(ပထမအသုတ်)ကို သိရှိ ရန် ပြည်နယ်ခွဲ၊ မြု့ပြနှင့်ရှုခင်းသာဇုန်များအား ညွှန်ကြားရန် ရည်ရွယ်ထားသည်။ အဆင့် ကဏ္ဍတွင် အလုပ်တာဝန်ကို အချိန်မီအောင် တက်ကြွစွာ လုပ်ဆောင်စေနိုင်ပြီး ၂၀၁၈ ခုနှစ် မတ်လ(၁)ရက်နေ့တွင် စမ်းသပ်လည်ပတ်နိုင်ရန် ခိုင်မာရမည်ကြောင်း သိရသည်။

ယူနန်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှုကော်မီတီမှ ဤသင်တန်းကို ဦးစီးကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းထောက် ကျူဟိုင်)