ချင်းတောင်မြို့သည် SCO ထိပ်သီးအစည်းအဝေးကျင်းပရန် အဆင်သင့်ဖြစ်

2018-06-05 16:28:47 |သတင်းအရင်းအမြစ် 新华社

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ချင်းတောင်ထိပ်သီးအစည်းအဝေးသည် ဇွန်လ(၉)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် ပင်လယ်ကမ်းခြေနှင့်နီးကပ်နေသော ချင်းတောင်မြို့သည် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေလျက်ရှိသည်။ လှပသော ချင်းတောင်မြို့ လည်း အဆိုပါအစည်းအဝေးကြောင့် ပိုမိုစွဲဆောင်မှုပြည့်ဝလာပြီဖြစ်သည်။ ချင်းတောင်မြို့၏ရှုခင်းကို အတူတကွ ရှုစားကြပါစို့။

SCO ချင်းတောင်ထိပ်သီးအစည်းအဝေးဆိုင်ရာ ကြော်ငြာကပ်ထားသည့် ခရီးသည်တင်လိုင်းကားသည် လမ်းမပေါ်တွင် ပြေးဆွဲနေစဉ်။ (ပုံ Ma Ning)

SCO ချင်းတောင်ထိပ်သီးအစည်းအဝေးကြိုဆိုသည့်အနေဖြင့် ပန်းအလှပင်များအား အလှဆင်နေစဉ်။ (ပုံ၊ Sha Dati)

SCO ချင်းတောင်ထိပ်သီးအစည်းအဝေးကြိုဆိုသည့်အနေဖြင့် စိုက်ပျိုးအလှဆင်ထားသော ပန်းများအား တွေ့ရစဉ်။ (ပုံ၊ Pu bu zha xi)

မီးအိမ်များချိတ်ဆွဲထားပြီး SCO ချင်းတောင်ထိပ်သီးအစည်းအဝေးကြိုဆိုနေပုံ။ (ပုံ၊ Zhu Zheng)

လျှပ်စစ်ရထား(streetcar)ကို ကားလမ်းနှင့်အပြိုင် ပြေးဆွဲနေသည်ကိုတွေ့ရစဉ်။ (ပုံ၊ Li Ziheng)

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန
ဘာသာပြန်၊ Yunnan gateway

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006