(၅)ကြိမ်မြောက်တောင်အာရှကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကူမင်းမြို့တွင် ကျင်းပခဲ့

2018-06-15 11:39:33 |သတင်းအရင်းအမြစ် 云南日报

  (၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက်တရုတ်ကူမင်း ပို့ကုန်သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

  အဆိုပါပြပွဲတွင် ပြပွဲခေါင်းစဉ်(၁၉)ခုကို ခင်းကျင်းပြသထားပြီး ပြသသောဧရိယာအကျယ်အဝန်းမှာ ၁၉၀၀၀၀ စတုရမ်းမီတာရှိကာ ပြခန်း(၈၅၀၀)ကျော်ရှိကြောင်း၊ အတိုင်းအတာအားဖြင့် ယခင်ကကုန်စည်ပြပွဲထက် အကြီးမားဆုံးဖြစ်ကြောင်း၊ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း(၈၀) ကျော်တို့သည် ပြပွဲတွင် ပါဝင်တက်ရောက်ကြောင်း၊ ဇွန်လ (၁၅)ရက်နေ့မှ (၂၀)ရက်နေ့ထိ အများပြည်သူများအတွက် ဖွင့်လှစ်ခင်းကျင်းပြသမှာဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာသတင်းထောက်- Luo Chunming၊ Ding Ning၊ Pu Fan၊ Pan Yue)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006