၂၀၁၇ခုနှစ်တွင် ယူနန်ပြည်နယ်မီးရထားလမ်းတည်ဆောက်ရန် ရင်းနှီးငွေက (၂၀.၇)ဘီလီယံသို့

2018-01-04 17:53:15 |သတင်းအရင်းအမြစ် 云桥网

တရုတ်မီးရထားလမ်းကုမ္ပဏီချုပ်ကူမင်းရုံးခွဲမှသတင်းအရ သိရသည်မှာ-- ၂၀၁၇ ခုနှစ် ယူနန် ပြည်နယ် တစ်ပြည်နယ်လုံးမီးရထားလမ်းတည်ဆောက်ရေးအတွက် တရုတ်ငွေစုစုပေါင်း (၂၀.၇၃) ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့သည်။ မီးရထားလမ်းတည်ဆောက်ခြင်းလည်း အရှိန်အဟုန်ဖြင့် ရှေ့သို့ တွန်းအားပေးခဲ့ပါသည်။

“(၁၃)ကြိမ်မြောက်(၅)နှစ်စီမံကိန်း”ဆောင်ရွက်ရာတွင် ယူနန်ပြည်နယ်၏ မီးရထားလမ်း တည်ဆောက်ခြင်းသည် နိုင်ငံအသီးသီးအပေါ် အကျိုးဆောင်နိုင်သည့် လမ်းမကြီးတည်ဆောက်ခြင်း၊ အဆိုပြုချက်ကြီးတွန်းအားပေးခြင်း သက်ဆိုင်ရာပေါ်လစီ၏တောင်းဆိုချက်ကို အခြေပြုပြီး အချက်အချာ စီမံကိန်းကို ပိုမိုကောင်းမွန်ပြည့်စုံအောင် တည်ဆောက်နေသည်။ ထို့ပြင်၊ အရှေ့တောင်အာရှတောင် အာရှသို့မျက်နှာပြုသော လမ်းပန်းဆက်သွယ်ရေးအချက်အချာနေရာကို ဖြစ်လာစေရန်အတွက်လည်း ကြိုးပမ်းနေသည်။ လာမည့်(၅)နှစ်အတွင်းတွင် မီးရထားလမ်းဖြင့်ဧည့်သည်များ၊ ကုန်ပစ္စည်းများ တင်ပို့ခြင်းကီလိုမီတာသည် ၅၀၀၀ အထက်သို့ရောက်ရှိ၊ ၎င်းအနက်၊ အရှိန်မြင့်ရထားတင်ပို့ခြင်း ကီလိုမီတာသည် ၁၂၀၀ အထက်သို့ရောက်ရှိမည်ဟု ကြိုတင်ခန့်မှန်းပါသည်။

လွန်ခဲ့သည့်နှစ်(၂၀၀၇ ခုနှစ်)က တရုတ်-လာအိုသံလမ်းယွီရှီ-မော်ဟန်ပိုင်းလိုင်းကြောင်း၊ တရုတ် နိုင်ငံတာလီ-ရွှေလီသံလမ်းကြောင်း၊ ကွမ်ထွန်း-တာလီသံလမ်းတိုးချဲ့တည်ဆောက်ခြင်း စသည့်စီမံကိန်း (၁၃)ခုကို ယူနန်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည်။ ၎င်းအနက်၊ ကူမင်းဘူတာရုံကြီးနှစ်ခု (တောင်ဘက် ဘူတာရုံနှင့်ကူမင်းဘူတာရုံ)ကို ချိတ်ဆက်ထားသည့်လမ်းကြောင်းကို ဖွင့်လှစ်ပြေးဆွဲသည်ဖြစ်ကြောင်း ၊ ရွှေလီသံလမ်းကြောင်း၏အဓိကစီမံကိန်းဖြစ်သောလန်ချမ်းမြစ်အထူးတံတားကြီးသံမဏိပြွန်ထိုးပေါက်ကို အောင်မြင်စွာ ချိတ်ဆက်ထားကြောင်း၊ စသည့်တို့အောင်မြင်မှုကို ရရှိပါသည်ဖြစ်သည်။