ကျယ်ခေါင်တွင် တရုတ်-မြန်မာ နယ်ခြားအီးကော်မာရှယ်လုပ်ငန်း ထွန်းကားလာပြီ

2018-01-12 09:02:07 |သတင်းအရင်းအမြစ် 云桥网

   ရွှေလီမြို့တွင်ရှိ နယ်စပ်ဂိတ်ကျယ်ခေါင်သည် မြန်မာနိုင်ငံမူဆယ်မြို့နှင့် ဆက်စပ်လျက်ရှိပါသည်။ တမူထူးခြားသောပထဝီတည်နေရာနှင့် ဦးစားပေးသော ပေါ်လစီကြောင့် ဤနေရာသည် အထူးခြားဆုံး တရုတ်မြန်မာနယ်စပ် ကုန်သွယ်မှုဒေသဖြစ်လာသည်။ ယခုနှစ်ပိုင်းတွင် ကျယ်ခေါင်၏ လမ်းများအကြား အမြန်ချောပို့ရေးကုန်ဆိုင်များ တွေ့မြင်နိုင်ခဲ့သည်။ ၎င်းကုန်သည်များသည် တရုတ်ကုန်စည်များကို မြန်မာနိုင်ငံသို့ ချောပို့သည်။ အချို့သည် မြန်မာကုန်ပစ္စည်းကို အရောင်းအဝယ်ပြုလာခဲ့သည်။ ၂၀၁၇ ခုနှစ်က ကျယ်ခေါင်သည် ယူနန်၏ ထူးခြားသောကျေးရွာအုပ်စုတည်ထောင်ရေးစာရင်းအနက် ရွေးချယ်ခြင်းခံရပြီး နယ်ခြားအီးကော်မာရှယ်လုပ်ငန်းကျေးရွာအုပ်စုအဖြစ် တည်ဆောက်မည်ဖြစ်သည်။ အမြန်ချောပို့ရေးလုပ်ငန်းနှင့် နယ်ခြားအီးကော်မာရှယ်လုပ်ငန်းတို့သည် စတင်ထွန်းကားလာပြီဖြစ်သည်။

  ၂၀၁၆ ခုနှစ်က ရွှေလီမြို့တွင် တရုတ်-မြန်မာနယ်ခြားအီးကော်မာရှယ် လုပ်ငန်းစက်မှုဇုန်ကို စတင်တည်ဆောက်ခဲ့ပြီဖြစ်သည်။ တရုတ်-မြန်မာ ကုန်သွယ်ရေး အဆင့်မြှင့်တင်ပြောင်းလဲစေရန်လည်းကောင်း၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်း ပို၍ ထွန်းကားစေရန်လည်းကောင်း ရိုးရာန ယ်ခြားကုန်သွယ်ရေးနှင့် လက်ရှိအီးကော်မာရှယ်လုပ်ငန်း၊ ရွှေလီမြို့ ကျယ်ခေါင်နယ်စပ်ဒေသကုန်သွယ်ရေးဇုန်နှင့် နယ်ခြားအီးကော်မာရှယ်လုပ်ငန်းဝန်ဆောင်မှု၊ ရွှေလီနှင့်ဝမ်တိန် ချောပို့ရေးသိုလှောင် မှုစင်တာနှင့် အမျိုး B အခွန်တော်လွတ်ငြိမ်းခွင့်ပေးဒေသရှိ အပြည်ပြည်ဆိုင်ရာ ချောပို့ရေးစင်တာနှင့် ကျေးရွာအီးကော်မာရှယ်လုပ်ငန်းနှင့်နယ်ခြားအီးကော်မာရှယ် လုပ်ငန်းစသည်များကို ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ (သတင်းထောက်-ကွန်ရှီယူယီ၊ လီဝေကျွန်)