၂၀၁၇ ခုနှစ်တရုတ်နိုင်ငံစီးပွားရေးကိန်းဂဏိန်းကို ကြေညာ၊ GDPတန်ဖိုးချုပ်သည် တရုတ်ယ

2018-01-18 17:46:57 |သတင်းအရင်းအမြစ် 中新网

အစီအစဉ်နှင့်အညီ၊ တရုတ်နိုင်ငံတော်စာရင်းကောက်ဌာနချုပ်သည် ယနေ့တွင် ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP)စသည့် အရေးကြီးသော စီးပွားရေး ကိန်းဂဏန်းစာရင်းကို ကြေညာရမည်ဖြစ်သည်။ အစိုးရကြိုတင်ခန့်မှန်းချက်အရ သိရသည်မှာ-- ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ၏ GDPသည် တရုတ်ယွမ်ငွေပေါင်းဘီလီယံ (၈၀၀၀၀) အထက်သို့ရောက်ရှိပြီး တစ်နှစ် လုံးတွင် (၆.၉%)ခန့် တိုးတက်ကာ အခြေအနေကောင်းမွန်ခြင်းကို တွေ့မြင်နိုင်သည်။

စီးပွားရေးတန်ဖိုးပေါင်းကို ပြောလျှင် ၂၀၁၂ ခုနှစ်တွင် တရုတ်ယွမ် ဘီလီယံ (၅၄၀၀၀) ကို ရောက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ဘီလီယံ (၇၄၀၀၀) သို့ ရောက်ရှိသည်။ တရုတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့်ပြုပြင်ပြောင်းလဲရေးကောင်မတီမှ တာဝန်ခံ ဟိုလိဖုန်းသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဤကဲ့သို့ပြောဆိုခဲ့ပါသည်-- ၂၀၁၇ ခုနှစ်နှစ်ကုန်ရောက်ခါက တရုတ်စီပားရေးတန်ဖိုးပေါင်း တရုတ်ငွေ ဘီလီယံ(၈၀၀၀၀)အထက်သို့ ရောက်ရှိနိုင်တယ်။ ၂၀၁၇ ခုနှစ်ဇန္နဝါရီလက စက်တင်ဘာလအထိ ၊ ထိုအချိန်ကာလတွင် တရုတ်စီးပွားရေးတန်ဖိုးပေါင်းမှာ ဘီလီယံ (၅၉၃၃၀) ကို ကျော်ခဲ့ပြီဖြစ်တယ်။

တရုတ်လူမှုရေးနှင့်သိပ္ပံနည်းပညာအကယ်ဒမီမှထုတ်ဝေသော ၂၀၁၈ ခုနှစ် တရုတ်စီးပွားရေးအစီရင်ခံ စာအုပ်တွင် ရေးထားသည်မှာ--ကြိုတင်ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP တိုးတက် နှုန်းသည် (၆.ရ%)ကို ရောက်ရှိမည်ဖြစ်သည်။

Photo source: Chinanews.com and others