"ယူနန်ထွက်ကုန်"chain store ဟူနနပြည်နယ်တွင် ဖွင့်လစ်

2018-01-23 17:32:31 |သတင်းအရင်းအမြစ်

ဇန်နဝါရီလ(၂၃)ရက်နေ့က ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ သတင်းအရ "ယူနန်ထွက်ကုန်"chain store ယခုလ (၂၀)ရက်နေ့က ဟူနန်ပြည်နယ်ချန်ဆာမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ဤ chain storeကို Yunnan State Farms Group CO.,Ltdမှ လည်ပတ်ကြောင်း၊ ယူနန်ပြည်နယ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ ဟူနန်ပြညနယ်စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဦးစီးဌာနနှင့်ဟူနန်ပြည်နယ်စားနပ်ရိက္ခာဦးစီးဌာနစသည့်ဌာနများမှ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် အဆိုပါလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်တို့သည် ဖွင့်လှစ်ခြင်းအခမ်းအနားကို တက်ရောက် ခဲ့ကြကြောင်း သိရသည်။

"ယူနန်ထွက်ကုန်သည် ဟူနန်ပြည်နယ်သို့ ၀င်ရောက်ရောင်းချခြင်း"အတွက် ဤ chain storeကို ဖွင့်လှစ်ခြင်းဖြစ်သည်။ နှစ်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့သည် ကူးသန်း ရောင်းဝယ်ရေး၊ ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန်အတွက် ဖော်ဆောင်သည့် အောင်မြင်မှုဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွင် supply-sideပုံစံပြုပြင်ပြောင်းလဲရန် လက် တွေ့ကျသောလုပ်ဆောင်ချက်လည်းဖြစ်သည်။ "ယူနန်ထွက်ကုန်"chain storeသည် ဟူနန်ပြည်နယ် ချန်ဆာ မြို့၏ ကောင်းချောင်ဈေးတွင် တည်ရှိသည်။ ၎င်းဈေးသည် တောင်အလယ်ပိုင်းဒေသတွင် အကြီး ဆုံး နိုင်ငံတော်အဆင့်အထွေထွေလက်ကားရောင်းဈေးနှင့် တစ်နိုင်ငံလုံး တတိယအကြီးဆုံးဈေးဖြစ် သည်။ "ယူနန်ထွက်ကုန်"chain store၏ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမီတာ(၁၀၀၀) ရှိပြီး ရောင်းချသော ကုန်ပစ္စည်းအမျိုးမှာ (၅၀၀)ကျော်ရှိသည်။ ယူနန်ကော်ဖီ၊ ယူနန်လက်ဖက်ခြောက်၊ ယူနန်အသီး၊ ယူနန်ပန်းမာလ်၊ ယူနန်မှိုနှင့် ယူနန်အာလူးစသည့်ထွက်ကုန်များဖြစ်သည်။(သတင်း ထောက်-ဟန်ချိန်ယွမ်)