တရုတ်စီးပွားရေး အဘယ်ကြောင့် တိုးတက်လာသနည်း

2018-01-31 18:49:33 |သတင်းအရင်းအမြစ် 人民日报

“တရုတ်နိုင်ပြီ။”

၂ဝ၁၇ ခုနှစ် အမေရိကန်《တိုင်းမ်(အချိန်)》အပတ်စဉ်စာစောင်မှာ အဆိုပါစကားကို တရုတ်အင်္ဂလိပ်နှစ်ဘာသာဖြင့် မျက်နှာဖုံးပေါ်မှာ ထင်ရှားစွာဖေါ်ပြလိုက်ပါသည်။ ထို့အပြင် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို “နောက်မှတက်လာသည့်ဧရာမ ကြီးမားသော နိုင်ငံ”အဖြစ် ခေါ်ဝေါ်သုံးနှုံးထားပါသည်။

၂ဝ၁၇ ခုနှစ်ကို ပြန်ပြောင်းကြည့်လိုက်လျှင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် စီးပွားရေးစုစု ပေါင်းပမာဏတန်ဖိုးသည် တရုတ်ယွမ်ငွေဘီလီယံပေါင်း (၈)သောင်းကျော်ခဲ့ပါသည်။ (၆.၉%) ရှိသည့်တိုးတက်မှုနှုန်းသည် တစ်ကမ္ဘာလုံး စီးပွားရေးထုအတွင်း ပြိုင်ဖက်မရှိ တစ်ခုတည်းဖြစ်နေပါသည်။ မြို့ပြလူဦးရေ(၁၃)သန်းက အလုပ်ခွင့်ရရှိခြင်းနှင့် လူဦးရေ(၁ဝ) သန်းရှိသည့် ကျေးလက်ဆင်းရဲသားတို့သည် ဆင်းရဲခြင်းမှရုန်းထွက်နိုင်ခဲ့ခြင်းတို့က ခေတ်မှီ တိုးတက်သည့် တရုတ်နိုင်ငံအား လူတန်ဖိုးအငွေ့အသက်ပိုမို သက်ဝင်လာစေနိုင်ပါတော့ သည်။

စီးပွားရေးစုစုပေါင်းပမာဏတန်ဖိုးသည် တရုတ်ယွမ်ငွေ ဘီလီယံပေါင်း(၈)သောင်း ကျော်ခဲ့သည်နှင့်တချိန်တည်းမှာ တရုတ်စီးပွားရေးအရည်အသွေး တိုးမြင့်ခြင်းခြေလှမ်း သည်လည်း အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာနေပါသည်။ C919 လေယာဉ်ဝေဟင်သို့ ပျံတက်နိုင်ခြင်း၊ “ဖုရှင်း” အရှိန်မြင့်ရထား တရုတ်ပြည်တလွှားမှာ ပြေးလွှားနေခြင်း …… ပြီးခဲ့သည့်တစ်နှစ်အတွင်းမှာ သစ်လွင်အဆင့်မြင့်သော သိပ္ပံနည်းပညာ တီထွင် ဆန်းသစ်မှုများ တစ်သုတ်ပြီးတစ်သုတ်ထွက်ပေါ်လာခဲ့ရာ “တရုတ်ဥာဏ်ဖြင့် ထုတ်လုပ်ခြင်း”တေးသံသာကို လက်သံအပြောင်ဆုံး တီးမှုတ်နိုင်ခဲ့ပါတော့သည်။ ဗျူဟာမြောက်တက်သစ်စ လုပ်ငန်းများ ၊ အဆင့်မြင့်သိပ္ပံနည်းပညာထုတ်လုပ်မှုလုပ်ငန်းများ ၊ တပ်ဆင်မှုထုတ်လုပ်ရေး လုပ်ငန်းများစသည်တို့၏တိုးမြင့်မှုသည် (၁ဝ)%အထက် ရှိသည့်တိုးမြင့်နှုန်းကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အွန်လိုင်းဖြင့် ကုန်ပစ္စည်းလက်လီ ဝယ်ယူမှုသည် (၂၈)%တိုးမြင့်လာနေသည်၊ ဒြပ်မဲ့ ကုန်ပစ္စည်း လက်လီဝယ်ယူမှု တိုးမြင်နှုန်း ကလည်း ပိုမိုလျင်မြန်နေပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံပေါင်း(၁ဝဝ)ကျော်တို့၏ အရေးပါသည့်ကုန်သွယ်မှုမိတ်ဖက် နိုင်ငံ ဖြစ်နေပါသည်။ အဆိုပါနိုင်ငံတို့သည် တစ်ကမ္ဘာလုံး GDP ၏(၈ဝ)%ကို ပိုင်ဆိုင်ထားပါသည်။ နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့အစည်း(IMF)၏ ပထမအဆင့် ဒုတိယမန်နေဂျင်းဒါရိုက်တာဖြစ်သူ တိုက်ဝေ-လိဖူတန်ကပြောကြားသွားသည်မှာ- “လက်ရှိအချိန်မှာ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး ကုန်ပစ္စည်းပံ့ပိုးမှုချိန်းကြိုး၏စင်တာ ဗဟိုဖြစ်နေပါကြောင်း ၊ထုတ်ကုန်ပစ္စည်းထွက်ကုန်အပေါ် ကြီးမားသည့် ဆွဲငင်မှုသံလိုက်တုံး ကြီးသဖွယ်နှင့် တစ်ကမ္ဘာလုံးအတွက်အရေးပါသည့် လိုအပ်ချက်ပင် ရင်းလည်းဖြစ်နေပါ ကြောင်း ”စသည်ဖြင့် ပြောကြားသွားပါသည်။

“စီးပွားရေးတိုးတက်လာသောအရည်အသွေး၊ မိုက်ခရိုအရည်အသွေး၊ ကုန်ပစ္စည်း အရည်အသွေး၊ ဝန်ဆောင်မှုအရည်အသွေး၊ စီမံကိန်းအရည်အသွေး စသည်တို့ အားလုံး လည်း မြင့်တက်လျက်ရှိနေပါသည်။”ဟု တရုတ်နိုင်ငံစာရင်းအင်းဌာနမှူး နင်ကျီကျယ်က ပြောကြားသွားသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အရည်အသွေးမြင့်တက် လာခြင်းသည် စီးပွားရေးအခြေအနေဖွံ့ဖြိုးတိုးတက်လာသည်ကိုဖော်ပြသည်နှင့်အတူ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းမှု စဉ်ဆက်မပြတ်ကောင်းမွန်ခြင်းတွင်လည်း ပေါ်လွင်စေသည်။ ယမန်နှစ်တွင် တရုတ်နိုင်ငံမြို့ပြဒေသ(၃၃၈)ခုအတွင်းနှင့်မြို့နယ်များတွင် PM2.5ပါဝင်နှုန်းနိမ့်ကျလာသည်။ အမျိုးသားယူနစ် GDP စွမ်းအင်သုံးစွဲမှု (၃.၇%)လျော့ကျ သွားသည်။ နှစ်ဆန်းတွင် သတ်မှတ်ထားသော ရည်မှန်းချက်(၃.၄%)ထက် ကောင်းမွန် ပါသည်။ ၎င်းတို့သည် စီးပွားရေးအခြေအနေ ကောင်းမွန်မှုအခြေအနေကို အပြည့်အဝ ဖော်ပြနေခြင်းဖြစ်ပါတော့သည်။