"၂၀၁၈ ခုနှစ် တရုတ်-တယ်ဟုန် နိုင်ငံတကာ မနောပွဲ၊ စက်မှုဇုန်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်းမိတ်ဆက်ပွဲနှင့် အစီအစဉ် သဘောတူညီချက်ချို့ဆိုပွဲ"ကို မတ်လ(၂)ရက်နေ့ညနေပိုင်းတွင် မန်စီမြို့၌ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပရှိ လုပ်ငန်း ကုမ္ပဏီ(၅၀)ခုမှ လုပ်ငန်းရှင်(၁၀၀)ကျော်သည် အဆိုပါမိတ်ဆက်ပွဲသို့ ပါဝင် တက်ရောက်ခဲ့သည်။ မိတ်ဆက်ပွဲတွင် သဘောတူညီချက်စုစုပေါင်း(၁၀)ရပ်ကို ချုပ်ဆိုခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ အအေးကွင်းဆက် ကုန်စည်စီးဆင်းမှု (Cold chain logistics)၊ ပုံမှန်ကုန်စည်စီးဆင်းမှု၊ ပိုးချည်မျှင်အစစ်အထည်ချုပ်လုပ်ငန်း စသည်တို့ပါဝင်ကာ ရင်းနှီးမြုပ်နှံငွေသည် (၁.၉၆)ဘီလီယံသို့ ရောက်ရှိမည်ဖြစ်သည်။