ယူနန်ပြည်နယ်ဖူလ်မြို့သည် ကော်ဖီလုပ်ငန်း အထူးဖွံ့ဖြိုးတိုးတက်နေ

2018-05-16 18:03:49 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ်ဖူလ်မြို့သည် ယခုနှစ်ပိုင်းက ခေတ်သစ်လယ်ယာ စိုက်ပျိုးရေး အတွေးအခေါ်ဖြင့် ကော်ဖီလုပ်ငန်းကို စီမံလုပ်ကိုင်နေသည်။ ထူးခြားချက်ရှိအောင်၊ အတိုင်းအတာကြီးမားအောင်၊ စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးအောင်၊ နိုင်ငံတကာပုံစံကျအောင် အင်အားတောင့်တင်းသည့်ကော်ဖီလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

နှစ်စဉ်နှစ်တိုင်း ယူနန်ပြည်နယ်မှ ကော်ဖီ(၁၀)တန်မှ(၁၄)တန်အထိ ထုတ်လုပ်ပြီး တရုတ်ကော်ဖီ ထွက်ရှိမှုအရေအတွက်၏ (၉၅)% ရှိကြောင်း၊ ယူနန်အရေးပါသော ကော်ဖီထွက်ရှိရာဒေသ တစ်ခုအနေနှင့် ဖူအလ်မြို့သည် ၂၀၁၇ ခုနှစ်က ကော်ဖီစိုက်ဧရိယာ အကျယ်အဝန်းမှာ တရုတ်ဧက ၇၈၉၀၀၀ ရှိပြီး ကော်ဖီစေ့ထွက်ရှိမှုအရေအတွက်မှာတန်ချိန် ၅၈၆၀၀ ရှိကြောင်း၊ စုစုပေါင်းထွက်ကုန်တန်ဖိုးမှာ တရုတ်ယွမ်(၂.၄၆၉)ဘီလီယံထိတိုင် ရရှိပြီး ထွက်ရှိသောကော်ဖီ(၈၀)% အထက်သည် ပြည်ပသို့ တင်ပို့ရောင်းချပါကြောင်း၊ ကော်ဖီလုပ်ငန်းသည် ဖူအလ်မြို့တောင်သူလယ်သမားအား ချမ်းသာကြွယ်ဝသော၊ လုပ်ငန်း အဖွဲ့များအား အကျိုးရရှိစေသော၊ ဘဏ္ဍာရေး တိုးများစေသော၊ ထွက်ကုန်တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေရရှိစေသော ထူးခြားသည့်လုပ်ငန်းဖြစ်လာနေကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လန်ချန်းဟန်ဂူကော်ဖီခြံတွင် ဝန်ထမ်းတစ်ဦး ကော်ဖီစေ့ ဆွတ်ခူးနေစဉ်။

ယူနန်ပြည်နယ်ဖူလ်မြို့ရှိ ရှောင်ဝကျီကော်ဖီခြံ၏ရှုခင်း။

ယူနန်ပြည်နယ်ဖူလ်မြို့ရှိ အိုက်ကျဲကော်ဖီဆိုင်တွင် ဝယ်သူတစ်ယောက်က ကော်ဖီဝယ်ယူနေစဉ်။