"CCI-Southern Transport Corrider ရထားတွဲ(ချင်ကျိုး ဆိပ်ကမ်း-ကူမင်း)" ပထမဆုံးအကြိမ် စတင်ပြေးဆွဲ

2018-05-18 19:58:23 |သတင်းအရင်းအမြစ် 云桥网

ယူနန်ထွက်ဓာတ်မြေသြဇာနှင့်ကော်ဖီစေ့ကို တင်ဆောင်ထားသည့် ကုန်သေတ္တာတွဲ(၅၀)ပါရှိသော ရထားတွဲသည် ၂၀၁၈ ခုနှစ် မေလ(၁၈)ရက်နေ့က ယူနန်ပြည်နယ်အန်နင်မြို့မှ စတင်ထွက်ခွာရာ တရုတ်နိုင်ငံနှင့်စင်္ကာပူနိုင်ငံအကြား အပြန်အလှန်ချိတ်ဆက်သော အချက်အချာနေရာဖြစ်သည့် ချင်ကျိုးဆိပ်ကမ်းအရှေ့ဘက်ဘူတာသို့ရောက်ရှိကာ ရေကြောင်းဖြင့် စင်္ကာပူနိုင်ငံမှတဆင့် အရှေ့တောင်အာရှနိုင်ငံနှင့် မြောက်အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း၊ ထိုနေ့တွင်ပင် " CCI-Southern Transport Corrider ရထားတွဲ (ချင်ကျိုးဆိပ်ကမ်း-ကူမင်း)" သည် ပြောင်းဖူး၊ နှံစားပြောင်းဆန်၊ ပဲနှင့် ကျောက်ပစ္စည်း စသည်များကို တင်ထားကာ ချင်ကျိုးဆိပ်ကမ်းအရှေ့ဘက်ဘူတာမှ ယူနန်သို့ အစုန်အဆန် ခုတ်မောင်းလာကြောင်း Yunnan gateway ဝက်ဘ်ဆိုက်သတင်းအရ သိရပါသည်။

"CCI-Southern Transport Corrider ရထားတွဲ(ချင်ကျိုး ဆိပ်ကမ်း-ကူမင်း)"သည် ပုံမှန်အားဖြင့် အစုန်အဆန်ခုတ်မောင်းနိုင်မည်ဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းတင်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။