၂၀၂၀ ပြည့်နှစ်တွင် ယူနန်ပြည်နယ်၏ စားသုံးမှိုထုတ်လုပ်မှုတန်ဖိုးမှာ ယွမ်(၃၀)ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်း

2018-06-26 18:38:03 |သတင်းအရင်းအမြစ် 云南网

ကြွက်နားရွက်မှိုသည် တရုတ်နိုင်ငံ၏ ဒုတိယအများဆုံးစိုက်ပျိုးသော စားသုံးမှိုဖြစ်ပြီး တရုတ်တွင် စားသုံးမှို စုစုပေါင်းထွက်ရှိမှုအရေအတွက်၏ ၁၈ %၊ ကမ္ဘာတွင် ၉၉ % ရှိသည်။ ယခင်က ကြွက်နားရွက်မှိုသည် တရုတ်ပြည်တွင်းဈေးကွက်၏ တစ်ဝက်လောက်မှာ အရှေ့မြောက်ပိုင်းမှ ထွက်ရှိခြင်းဖြစ်သည်။ ၂၀၁၆ ခုနစ် မှစ၍ ကြွက်နားရွက်မှိုစိုက်ပျိုးရေးသည် မြောက်ပိုင်းဒေသမှ တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ဖောင်ဆောင်လာကြပြီး ကြွက်နားရွက်မှိုလုပ်ငန်းဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။

၂၀၁၇ ခုနှစ် ယူနန်ပြည်နယ်စားသုံးမှိုထွက်ရှိမှုအရေအတွက်မှာ တန်ပေါင်း (၅.၂၈)သိန်း၊ တန်ဖိုးမှာ တရုတ်ယွမ်(၁၃)ဘီလီယံရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ယူနန်ပြည်နယ်စားသုံးမှို ထွက်ရှိမှုအရေအတွက်မှာ တန်ပေါင်း(၇၂)သောင်း၊ တန်ဖိုးမှာ တရုတ်ယွမ်(၃၀)ဘီလီယံရှိမည် ဟု ခန့်မှန်းကြောင်း၊ ယူနန်ကြွက်နားရွက်မှိုအမျိုးအစားသည် လွန်စွာကောင်းမွန်ပါကြောင်း၊ ကြွက်နားရွက်မှို လုပ်ငန်းဖွံ့ဖြိုးမှုအတွက် အရင်းအမြစ်၊ အမျိုးအစား၊ ပျိုးထောင်ရေး၊ ကုန်ချောထုတ်လုပ်ခြင်း၊ စံချိန်စံညွှန်း စသည့်ကဏ္ဍများတွင် ကြိုးပမ်းဆောင်ရွက်မှု လိုအပ်ပါကြောင်း ယခုလ ၂၃ ရက်နေ့က ကူမင်းရှီလင်တွင် ကျင်းပခဲ့သည့် ယူနန်ကြွက်နားရွက်မှိုလုပ်ငန်းဖွံ့ဖြိုးမှုဖိုရမ်တွင် ယူနန်ပြည်နယ်စားသုံးမှိုအသင်းဥက္ကဋ္ဌ စွန်တာဖုန်က ရှင်းလင်းပြောကြားပါသည်။

(သတင်းထောက်--Zhang Yong၊ ဓာတ်ပုံ--အင်တာနက်)