ဖုန်ရွှန်မြို့နယ်မှ လယ်သမားတို့သည် နေပူလှန်းထားသော ဆယ်လဗီးယားကိုပြသနေစဉ်။
ယခုနှစ်ပိုင်း ဟိုပေပြည်နယ် ထန်စန်မြို့ ဖုန်ရွှန်မြို့နယ်သည် ထုတ်လုပ်ရေးလုပ်ငန်းဖြင့် ပြည်သူလူထုအား ချမ်းသာကြွယ်ဝလာစေရေးအတွက် စီမံဆောင်ရွက်ရာတွင် "ကုမ္ပဏီ+သမဝါယမအဖွဲ့+လယ်သမား" ဟူသော စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးကာ ဆယ်လဗီးယား၊ ဘလက်ဘာရီလီလီ စသည့်တရုတ်တိုင်းရင်းဆေးစိုက်ပျိုးရန် လယ်သမားများအား လမ်းညွှန်ပေးလျက်ရှိပါသည်။ ယခုလက်ရှိ ဖုန်ရွှန်မြို့နယ်တွင် တရုတ်တိုင်းရင်းဆေး စိုက်ပျိုးရေးဧရိယာအကျယ်အဝန်းမှာ တရုတ်ဧက(၃၀၀၀)ကျော်ရှိပြီး လယ်သမား(၅၀၀)ကျော်အား ၀င်ငွေတိုးများစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။
ဖုန်ရွှန်မြို့နယ်မှ လယ်သမားတို့သည် ဆယ်လဗီးယားစိုက်ခင်းတွင် အလုပ်လုပ်နေကြစဉ်။
ဖုန်ရွှန်မြို့နယ်မှ လယ်သမားတို့သည် စိုက်ပျိုးခဲ့သည့် ဘလက်ဘာရီလီလီကို ပြုစုပျိုးထောင် နေကြစဉ်။
(ဆင်ဟွာသတင်းထောက်--Mou Yu)