(၇)ကြိမ်မြောက်တရုတ်နိုင်ငံတကာစက်ရုပ်ပြပွဲတွင် စက်ရုပ်များက လူရွှင်တော်ပြက်လုံးများဖြင့် ဖျော်ဖြေ ခဲ့

2018-07-05 18:02:24 |သတင်းအရင်းအမြစ် 中新网

၁၊ (၇)ကြိမ်မြောက်တရုတ်နိုင်ငံတကာစက်ရုပ်ပြပွဲအား ဇူလိုင်လ(၄)ရက်နေ့က ရှန်ဟိုင်းမြို့၌ကျင်းပ ခဲ့သည်။ အဆိုပါနေ့က စက်ရုပ်များသည် လူသားလူရွှင်တော်များအလား ပြက်လုံးများဖြင့် ဖျော်ဖြေနေ သည်မှာ လှည့်လည်ကြည့်ရှုသူများအား ဆွဲဆောင်လျက်ရှိနေတော့သည်။

၂၊ (၇)ကြိမ်မြောက်တရုတ်နိုင်ငံတကာစက်ရုပ်ပြပွဲသည် ဇူလိုင်လ(၄)ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ကျင်းပရာ ပြပွဲ၏အဓိကခေါင်းစဉ်မှာ "အပြန်အလှန်ပေါင်းစပ်ခြင်း၊ အပြန်အလှန်မျှဝေခြင်းနှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းခြင်း” ဖြစ်သည်။ နိုင်ငံနှင့်ဒေသ(၁၃)ခုမှစက်ရုပ်လုပ်ငန်း၊ Automatic စနစ်၊ ပိုးတွဲပစ္စည်း၊ ဆော့ဝဲလ်အသုံးချထုတ်လုပ်ရေး၊ မြင်ကွင်းနှင့်စမတ်စက်ရုံတပ်ဆင်မှုနှင့် ဝန်ဆောင်မှုစက်ရုပ်စသည့် လုပ်ငန်းအဖွဲ့(၅၀၀)ကျော်သည် အဆိုပါပြပွဲသို့ ပါဝင်ပါသည်။

၃၊ မိန်းကလေးတစ်ယောက်သည် စက်ရုပ်နှင့် လက်ဆွဲနုတ်ဆက်ကာ မိတ်ဆက်ပြီးစကား စမြည်ပြောနေ သည်။

၎၊ ပန်းချီဆွဲနိုင်သော စက်ရုပ်ငယ်သည် ပရိသတ်များနှင့်တွေ့ဆုံလျက်ရှိသည်။ ၎င်း၏လက်မောင်းသည် (၀.၆)မီတာရှည်ပြီး ကိုယ်အလေးချိန်သည်(၄)ကီလိုဂရမ်ရှိသည်။ ပန်းချီကားဆွဲချင်သည့်ပရိသတ်များ သည် မိမိဓာတ်ပုံကို ကွန်ဗျူတာဖြင့် စက်ရုပ်၏ ထိန်းချုပ်စနစ်သို့ ကူးယူပြီးနောက် (၂)မိနှစ်အတွင်း ပန်းချီကားကို အောင်မြင်စွာ ရေးဆွဲပေးနိုင်သည်။

၅၊ စက်ရုပ်တစ်ရုပ်မှ ပရိသတ်များအား နုတ်ခွန်းဆက်သနေသည်။

သတင်းအရင်းအမြစ်၊ တရုတ်သတင်းကွန်ယက်။

ဘာသာပြန်၊ Yunnan Gateway.