အရှေ့တောင်အာရှနိုင်ငံများမှ ပဲပိစပ်တင်သွင်းခြင်းအတွက် တရုတ်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြု

2018-07-06 17:36:00 |သတင်းအရင်းအမြစ် CCTV

ဇူလိုင်လမှစတင်ကာ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ လာအိုနှင့် သီရိလင်္ကာစသည့်နိုင်ငံများမှ ပဲပိစပ်တင်သွင်းခြင်းအတွက် တရုတ်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရပါသည်။

“ကမ္ဘာပေါ်မှာ လယ်ယာထွက်ကုန်တွေရဲ့အကောက်ခွန်က ပျှမ်းမျှအားဖြင့် ၆၀% ဖြစ်တယ်။ ဒါပေမယ့် အခု တရုတ်နိုင်ငံရဲ့ ပျှမ်းမျှအကောက်ခွန်က ၁၅.၃% ပဲ ရှိပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ လယ်ယာ ထွက်ကုန်ပစ္စည်းတင်သွင်းခြင်းအကောက်ခွန်က အရမ်းသက်သာလို့ပြောနိုင်တယ်။ ဘာလို့ ဒီလိုဖြစ်ရ တာလည်းဆိုတော့ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မူဝါဒကို ကျယ်ကျယ်ပျံ့ပျံ့ ကျင့်သုံးတာကြောင့်ပဲ ဖြစ်တယ်။ တရုတ်နဲ့အခြေအနေတန်းတူညီမျှတဲ့နိုင်ငံများနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကို နှိုင်းယှဉ်ရင်ဆိုရင်လည်း အခွင့်အရေး အတွက် ပိုမိုနက်ရှိုင်းစွာဆောင်ရွက်နေတယ်”ဟု တရုတ်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးဗဟုတုသစင်တာ ကျေးရွာစီးပွားရေးဌာန မှ တာဝန်ခံပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ဘရာဇီးနိုင်ငံ၊ အမေရိကန်နှင့်အာဂျင်တီးနားနိုင်ငံသည် တရုတ်နိုင်ငံသို့ အကြီးမားဆုံး ပဲပိစပ်တင်သွင်း နိုင်ငံဖြစ်ကြောင်း၊ အာရှတိုက်မှ ပဲပိစပ်သည် အဆိုပါနိုင်ငံနှင့်ထက်လျှင် ပမာဏနည်းပါးနေသော်လည်း တရုတ်နိုင်ငံ၏ပဲပိစပ်တင်သွင်းခြင်းလမ်းကြောင်းကို တိုးများစေနိုင်ကြောင်းစသည်ဖြင့် ပညာရှင်အချို့မှ သုံးသပ်ကြသည်။
 
သတင်းအရင်းအမြစ်၊ CCTV မှ ကောက်နုတ်ထားသည်။
ဘာသာပြန်၊ Yunnan Gateway ။