ယူနန် EXPO TOURISM အုပ်စုအဖွဲ့သည် HOGOOD ကုမ္ပဏီနှင့် ကော်ဖီလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်

2018-07-11 18:41:46 |သတင်းအရင်းအမြစ် 云南日报

ယူနန် EXPO TOURISM အုပ်စုအဖွဲ့သည် HOGOOD ကုမ္ပဏီလီမိတက်နှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ နောက်နောင်တွင် နှစ်ဦးနှစ်ဖက်တို့သည် မန်စီမြို့ကော်ဖီမြို့နယ်၊ ကော်ဖီကုန်သွယ်ရေးနှင့် ကုန်တံဆိပ်တည်ဆောက်ရေး၊ ကော်ဖီစိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့်သုတေသနပြုလုပ်ရေးစသည့်ကဏ္ဍသုံးခုတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း EXPO TOURISM အုပ်စုအဖွဲ့မှ သိရပါသည်။

ကျွန်တော်တို့ အုပ်စုအဖွဲ့သည် ယူနန်၏အလယ်ပိုင်းဒေသကို ဗဟိုပြုကာ ဖွံ့ဖြိုးတိုးတက်မှုအလေးထားဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းနှင့်သက်ဆိုင်သောထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ကာ "ယူနန်အေးချမ်းသာယာသော နေထိုင်မှုဘ၀"ကို ကြေငြာမိတ်ဆက်မည်ဖြစ်ကြောင်း၊ HOGOOD ကုမ္ပဏီလီမိတက်နှင့် စာချုပ်ချုပ်ပြီးနောက် နှစ်ဦးနှစ်ဖက်တို့သည် စီမံကိန်းအရ လေးနက်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အပြန်အလှန်အောင်မြင်သော ရလဒ်များ ကြိုးစားရရှိမည်ဖြစ်ကြောင်း EXPO TOURISM အုပ်စုအဖွဲ့မှ တာဝန်ခံပုဂ္ဂိုလ်က ပြောကြားသည်။

HOGOOD ကုမ္ပဏီသည် ကော်ဖီထုတ်လုပ်ရေးတွင် ခေတ်မီ ရှေ့တန်းရောက်နေသောနည်းပညာများ ပိုင်နိုင်သကဲ့သို့ EXPO TOURISM အုပ်စုအဖွဲ့မှ ရင်းနှီးငွေနှင့် နာမည်ကျော်ကုန်အမှတ်တံဆိပ်စသည့်နယ်ပယ်များတွင် ထင်ရှားသောအားသာချက်များ ရှိပြီး နှစ်ဦးနှစ်ဖက်တို့သည် ထုတ်လုပ်မှုလုပ်ငန်းတွင် အားသာချက်များ အပြန်အလှန်ဖြည့်စွက်နိုင်ရန် အောင်မြင်ထင်ရှားပါကြောင်း၊ ဤပူးပေါင်းဆောင်ရွက်မှုသည် ယူနန်ကော်ဖီ လုပ်ငန်းကို အကျိုးပြုစေနိုင်သည့်အပြင် လက်ဖက်၊ သစ်ကျားစသည့်ယူနန်ကုန်းပြင်မြင့်ထူးခြားသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း HOGOOD ကုမ္ပဏီမှ တာဝန်ခံ ပုဂ္ဂိုလ်က ပြောကြားပါသည်။

(သတင်းထောက်-Han Chengyuan)