ယူနန်သည် အဆင့်မြင့်စံနှုန်းလယ်ယာမြေတည်ဆောက်ရေးဖြင့် " မြစိမ်းရောင် စားသောက်ကုန်" ဖန်တီးထုတ်လုပ်

2018-07-23 18:49:39 |သတင်းအရင်းအမြစ် 云南日报

ယခုနှစ်ပိုင်း ယူနန်သည် အဆင့်မြင့်စံနှုန်းလယ်ယာမြေတည်ဆောက်ရေးကို တစိုက် မတ်မတ် အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိပါသည်။ တစ်ပြည်နယ်လုံးတွင် ယခုနှစ် ပထမခြောက်လကာလအတွင်း တရုတ်ယွမ်(၂.၃၆၈) ဘီလီယံ စုစုပေါင်းရင်းနှီးမြှုပ်နှံပြီး အဆင့်မြင့်စံနှုန်းလယ်ယာမြေ တရုတ်ဧက ၁၄ သိန်း ၈ သောင်းကျော်ကို ဖြစ်မြောက်အောင် တည်ဆောက်ခဲ့သည်။ ပြည်နယ်အဆင့်အစိုးရမှ စီမံပေးသည့် အဆင့်မြင့် စံနှုန်းလယ်ယာမြေတည်ဆောက်ရေးပန်းတိုင်၏ ၆၈% ပြီးစီးရာ ၎င်းတည်ဆောက်ရေးမှာ ထင်ရှားစွာ အကောင်အထည်ပေါ်လာပြီ ဖြစ်သည်။ ပန်းတိုင်ရောက်အောင် တစ်နှစ်ပတ်လုံး ဘက်စုံမှ ဖြစ်မြောက်စေနိုင်ရန် ခိုင်မာသော အုတ်မြစ်ကို ချပေးခဲ့သည်။ ယူနန်ပြည်နယ်သည် " မြစိမ်းရောင်စားသောက်ကုန်" ဖန်တီးထုတ်လုပ်ရန်လည်း အထောက်အကူပြုပါသည်။

ရှီချိုခရိုင်သည် ကျောက်သဲကန္တာရထိန်းချုပ်မှုဖြင့် ဆင်းရဲမှုပပျောက်ရေးကို တွန်းအားပေးသည်။

ပင်ချွန်ခရိုင်သည် အဆင့်မြင့် စံနှုန်းလယ်ယာမြေတည်ဆောက်ရေးကို အခြေခံပြီး စပျစ်သီးလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်နေလျက်ရှိပါသည်။


ဆင်ဖင်ခရိုင်သည် အရည်အသွေးမြင့်သော လိမ္မော်သီးလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ကာ လုပ်ငန်းဖွဲ့စည်းပုံစံကို အဆင့်မြှင့်တင်ပြောင်းလဲခဲ့သည်။

ယွီလုံးခရိုင် လီမင်းကျေးရွာတွင် မုယောစပါး၏ သီးထွက်နှုန်း ကောင်းလှပါသည်။

ကိန့်မာခရိုင် မွန်စမြို့နယ်သည် အဆင့်မြင့် စံနှုန်းလယ်ယာမြေတည်ဆောက်ရေးဖြင့် အရည် အသွေးမြင့်သော သဘာဝကျသော လယ်ဖက်ခြံတည်ဆောက်ရေးကို တွန်းအားပေး လျက်ရှိနေပါသည်။