ယူနန်တုပ်နန် ပန်းမြို့တော်၏ ဆွဲဆောင်မှုကို ခံစားနိုင်

2018-07-24 19:18:44 |သတင်းအရင်းအမြစ် 云南日报

ရုံးပိတ်ရက်ကာလတွင် ကူမင်းတုပ်နန်ပန်းမန်ကမ္ဘာကို သွားရောက်လည်ပတ် ကြည့်ရှုရင်း အမျိုးအစားစုံလင်သော၊ ဈေးနှုန်းသက်သာသော ယူနန်ပန်းမန်များကို ဝယ်ယူနိုင်သည့်အပြင် တီထွင်ဆန်းသစ်သော ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးပေါင်းစပ်မှုများအား ပန်းမြို့တော်ဖြစ်သောကူမင်း၏ ဆွဲဆောင်မှုအသစ်များကို လက်တွေ့ခံစားနိုင်မည်ဖြစ်ပါသည်။

ယူနန်ပန်းမန်လုပ်ငန်း အဆင့်မြှင့်တင်ပြောင်းလဲမှုများနှင့်အတူ ထူးခြားသော ပန်းမန်ခရီးသွားမြို့နယ်တည်ဆောက်ရေးကို တစိုက်မတ်မတ် ဖော်ဆောင်ရန် ယခုလက်ရှိတွင် ကူမင်းတုပ်နန်ပန်းမန်ကမ္ဘာသည် "စင်တာတစ်ခု၊ အဓိကစီးပွားရေးဇုန်(၅)ခု၊ ထူးခြားသောဓလေ့များနှင့်ပြည့်နှက်သော လမ်းကြောင်းတစ်ခု" ဟူသောအခင်းအကျင်း တည်ဆောက်ရေးကို အကောင်အထည်ဖော်နေပြီဖြစ်သည်။ ပန်းမန်လုပ်ငန်းနှင့် သက်ဆိုင်ရာလုပ်ငန်းကို ဗဟိုပြုပြီး တီထွင်ဆန်းသစ်သောယဉ်ကျေးမှု၊ ထူးခြားသော ခရီးသွားလာရေးအမှတ်တရပစ္စည်း၊ ပန်းမန်ဟိုတယ်၊ တမူထူးခြားသောစားသောက်မှု လုပ်ငန်းစသည်များ စုဝေးသော သင်္ကေတအသစ်ဖြစ်သည့် ယူနန်ခရီးသွားနေရာတစ်ခုဖြစ်လာသည်။(သတင်းထောက်-Yang Zheng)