(၁၄)ကြိမ်မြောက် ယူနန်သဘာဝမှိုကုန်စည်ပြပွဲတွင် သဘာဝမှို(၁၅၈၃)တန် အရောင်းအဝယ်ဖြစ်ခဲ့

2018-07-26 18:13:45 |သတင်းအရင်းအမြစ် 云南网

(၁၄)ကြိမ်မြောက် ယူနန်သဘာဝမှိုကုန်စည်ပြပွဲကို ယွီရှီမြို့ ယီမိန်ခရိုင်တွင် ကျင်းပခဲ့ပြီး ဇူလိုင်လ(၂၄) ရက်နေ့က ပြီးဆုံးခဲ့ရာ သဘာဝမှိုတန်ပေါင်း (၁၅၀၀)ကျော် ရောင်းချရကာ ရောင်းရသည့်ငွေပမာဏမှာ ယွမ်(၁၂၂)သန်းဖြစ်သည်။

သဘာဝမှို (၁၅၈၃)တန်ကို တရုတ်ယွမ်သန်းပေါင်းတစ်ရာကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့

ဤကုန်စည်ပြပွဲတွင် ပြဇုန်(၄)ခုရှိ ပြခန်း(၈၀၀)ကျော်ဖြင့် ခင်းကျင်းပြသခဲ့သည်။ ၎င်းအနက် သဘာဝမှိုနှင့် နာမည်ကျော်အထူးထွက်ကုန်ပြခန်းဇုန်တွင် ပြခန်း(၂၅၀)ခု၊ လတ်ဆတ်သောသဘာဝမှို ရောင်းဝယ်ရေးဇုန်တွင် ပြခန်း(၃၀၀)ခု၊ ကုန်စည်ပြခန်း(၂၀၀)ခု၊ စားကောင်းသောက်ဖွယ်များပြခန်း (၅၀)ခု ရှိပါသည်။ ယမန်နှစ်ထက် ပြခန်း(၂၀၀)ခု တိုးများလာပါသည်။ စာရင်းဇယားအရ ယခုအကြိမ်ကုန်စည်ပြပွဲတွင် သဘာဝမှိုတန်ပေါင်း(၁၅၈၃)ကို တရုတ်ယွမ်သန်းပေါင်းတစ်ရာကျော်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

စီမံကန်း(၁၂)ခုကို အောင်မြင်စွာ လက်မှတ်ရေးထိုးပြီး ရင်းနှီးမြှုပ်နှံငွေ ယွမ်(၄.၀၅) ဘီလီယံရှိ

(၁၄)ကြိမ်မြောက် တရုတ်(ယူနန်)သဘာဝမှိုကုန်စည်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း စီမံကိန်း လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လ(၂၁)ရက်နေ့က ကျင်းပခဲ့ရာ ယီမိန်ခရိုင်သည် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းရှင်တို့နှင့် စီမံကိန်း(၁၂)ခုကို အောင်မြင်စွာ လက်မှတ်ရေးထိုးကာ စုစုပေါင်း ရင်းနှီးငွေပမာဏမှာ ယွမ်(၄.၀၅)ဘီလီယံရှိကြောင်း သိရသည်။ ၎င်းစီမံကိန်းသည် တရုတ်တစ်နိုင်ငံလုံး အသေးစိတ် ရွေးချယ်ပြီး တိကျမှန်ကန်စွာ ညှိနှိုင်းဆွေးနွေးသည့်စီမံကိန်း ဖြစ်သည်။ စွမ်းအင်အသစ်၊ ပစ္စည်းအသစ်စသည့် ထွန်းသစ်စ အဆင့်မြင့်နည်းပညာလုပ်ငန်းနှင့် ကုန်းပြင်မြင့်ထူးခြားသောလယ်ယာစိုက်ပျိုးရေး၊ အဆင့်မြင့်ယဉ်ကျေးမှုခရီးသွားလာရေးစသည့် ရိုးရာလုပ်ငန်း မြှင့်တင်ပြောင်းလဲသော စီမံကိန်းဖြစ်သည်။ ထို့ပြင် အသေးစား စက်မှုလုပ်ငန်း၊ ခေတ်မီကုန်စည်ချောပို့လုပ်ငန်းစသည့် ခွန်အားကောင်းသော စီမံကိန်းများလည်း ပါဝင်ပါသည်။ ဤစီမံကိန်းများကို ခေါ်ယူပြီးနောက် ယီမိန်ခရိုင်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တောင့်တင်းသော အင်အားကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ (သတင်းထောက်-He Kai)