လူလျန်ခရိုင်သည် ယူနန်ပြည်နယ်အရည်အသွေးမြင့်ပြီး ထူးခြားသော ဆေးရွက်ကြီးဖွံ့ဖြိုးမှုစီမံကိန်းစံပြခရိုင်အနေနှင့် ထူးခြားသောဆေးရွက်ကြီး တရုတ်ဧကတစ်သောင်းကျော်ကို စိုက်ပျိုးထားပါသည်။
ဆေးရွက်ကြီးအထူးဇုန်သည် "မြစိမ်းရောင်၊ သဘာဝကျသော၊ အရည်အသွေးမြင့်သော၊ လုံခြုံသော" ထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွေးအခေါ်၊ "ဈေးကွက်၊ အရည်အသွေး၊ စံချိန် စံညွှန်း"ဟူသောပေါ်လစီစသည်တို့ ကျင့်သုံးပြီး ဇီဝမြစိမ်းရောင် ကာကွယ်ရေးနည်းပညာဖြင့် အနာရောဂါနှင့်ပိုးမွှားများ၏ အန္တရာယ်ပေးမှုကို ကြိုတင်ကာကွယ်နိုင်ပြီး အဆင့်မြင့် ဆေးရွက်ကြီးအထူးဇုန်ကို ထူထောင်ရန် ရည်ရွယ်ထားပါသည်။ (သတင်းထောက်-Sun Xiaoyun)
လူလျန်ဆေးရွက်ကြီး အထူးဇုန်တွင် ဆေးရွက်ကြီး ရှင်သန်စွာ ကြီးပြင်းလျက်ရှိနေပြီး ရွာသူရွာသားတို့ ဆေးရွက်ကြီး ပျိုးထောင်နေစဉ်။