Starbucks နှင့် အလီဘာဘာ တို့ လက်တွဲ၍ တရုတ်နိုင်ငံ၌ ကော်ဖီ ဖြန့် ချိရေးဝန်ဆောင်မှု စီစဉ်နေ

2018-08-06 18:47:02 |သတင်းအရင်းအမြစ် 新华网

Starbucks ကော်ဖီကုမ္ပဏီ နှင့် အလီဘာဘာ(Alibaba) ကုမ္ပဏီတို့ သည် ရှန်ဟိုင်းမြို့ တွင် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် လက်တွဲကြောင်း သြဂုတ် ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ရာ Starbucks ကော်ဖီကုမ္ပဏီအဖို့ အောင်မြင်မှုအတွေ့ အကြုံများ ရရှိနိုင်လိမ့်မည် ဖြစ်သည်။

အလီဘာဘာ၏ ဂေဟစနစ်နှင့်အတူ အဓိကစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသော Ele.me ၊ Hema ၊ Tmall ၊ Taobao နှင့် Alipay တို့ ကဲ့သို့ Starbucks ပါဝင်လာပြီး ကနဦးဝန်ဆောင်မှုအဖြစ် ပေကျင်း နှင့် ရှန်ဟိုင်းမြို့ များရှိ အဓိကကုန်သွယ်ရေးနေရာများတွင် ၂ဝ၁၈ ခုနှစ်အတွင်း ဆိုင်ခန်းပေါင်း ၁၅ဝ စတင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတစ်ဝန်းရှိ မြို့ ပေါင်း ၃ဝ တွင် Starbucks ဆိုင်ခန်းပေါင်း ၂ဝဝဝ ကျော်အထိ ဖွင့်လှစ်၍ ၄င်း၏ဖြန့် ချိမှု အစီအစဉ်ကို အရှိန်အဟုန်မြှင့် တိုးချဲ့ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် စားသုံးသူများ မှာယူမှုကို ဖြည့်ဆည်းနိုင်ရန် Starbucks အိမ်အရောက် စားဖိုခန်းစနစ်ကို တည်ဆောက်သွားပြီး တရုတ်စားသုံးသူများအတွက် အွန်လိုင်းအတွေ့ အကြုံနှင့်အတူ Starbucks စတိုးတစ်ခုဖန်တီးသွားရန် စီးပွားရေးစင်္ကြံများ စုစည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့ ၏ စီးပွားဖက် ၄၅,ဝဝဝ ကျော်နှင့်အတူ ဖြန့် ချိခဲ့ရာတွင် အဆင့်မြှင့်တင်ခဲ့သော စားသုံးသူဆိုင်ရာ အတွေ့ အကြုံကြောင့် Starbucks အနေဖြင့် ကမ္ဘာ့ အခြားနေရာများထက် သာလွန်၍ တရုတ်နိုင်ငံတွင် လျင်မြန်စွာ တိုးတက်ဖွံ့ ဖြိုးလာအောင်လုပ်ဆောင်နိုင်မည်ဟု Starbucks ကော်ဖီကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌ Kevin Johnson က ဆိုသည်။

(Xinhua)