ယူနန်ထုံဟိုင်ဒေသထွက် လယ်ယာထွက်ကုန်များ ကမ္ဘာ့ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိ

2018-08-23 18:16:45 |သတင်းအရင်းအမြစ် 新华网

ယူနန်ထုံဟိုင်ဒေသထွက် လယ်ယာထွက်ကုန်များကို ကမ္ဘာ့ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယူနန်ပြည်နယ်ယွီရှီမြို့ ထုံဟိုင်ခရိုင်သည် ယူနန်ပြည်နယ်သာမကတရုတ်နိုင်ငံတစ်ပြည်လုံးတွင် ဟင်းသီးဟင်းရွက် ထောက်ပံ့ရေး အရေးပါသောစခန်းဖြစ်လာပါသည်။ “ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်”တည်ဆောက်ရေးကို မြှင့်တင်လာသည်နှင့်အလျောက် ထုံဟိုင်ဒေသထွက် လယ်ယာထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိနေပါသည်။ လယ်ယာထွက်ကုန်များမှ ၀င်ငွေသည် တောင်သူလယ်သမားတို့အတွက် အဓိက၀င်ငွေဖြစ်လာပါသည်။

၂၀၁၇ ခုနှစ် ထုံဟိုင်ခရိုင် လယ်ယာထွက်ကုန် တင်ပို့ငွေပမာဏမှာ ဒေါ်လာ (၁.၅၂)ဘီလီယံ ရှိပြီး ဤခရိုင်တစ်ခုလုံး တင်ပို့ငွေပမာဏစုစုပေါင်း၏ (၉၉.၂၄) % ပါဝင်ပါသည်။ ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လထိ လယ်ယာထွက်ကုန်တင်ပို့ငွေပမာဏမှာ ဒေါ်လာသန်းပေါင်း(၄၇၆)ရှိပြီး ယမန်နှစ်အလားတူကာလထက် (၄၁) % တိုးများလာပါသည်။ အဓိကတင်ပို့သော လယ်ယာထွက်ကုန်သည် ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ သစ်သီးဝလံစသည်တို့ဖြစ်သည်။ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကိုးရီးယား၊ ဂျပန်နှင့် တရုတ်ဟောင်ကောင်စသည့်ဒေသများသို့ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။

၂၀၁၇ ခုနှစ် ထုံဟိုင်ခရိုင်သည် ပြည်နယ်အဆင့် အင်အားတောင့်တင်းသောလုပ်ငန်း(၂၁)ခု၊ မြို့အဆင့် အင်အားတောင့်တင်းသောလုပ်ငန်း(၁၈)ခုနှင့် တောင်သူလယ်သမားသမ၀ါယမအဖွဲ့(၁၈၈)ခု ရှိကြောင်း၊ ခရိုင်အတွင်း လယ်ယာထွက်ကုန်စိုက်ပျိုးရေးဧရိယာအကျယ်အ၀န်းမှာ တရုတ်ဧက(၁၁.၉)သောင်း ရှိပါကြောင်း သိရပါသည်။

(ဆင်ဟွာသတင်းထောက်--Pu Fan)