ယူနန်ပထမဆုံး စမတ်စားသောက်ဆိုင် ကူမင်းမြို့တွင် ဖွင့်လှစ်

2018-09-07 18:31:56 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပထမဆုံး စမတ်စားသောက်ဆိုင်ကို စက်တင်ဘာလ(၅)ရက်နေ့က ကူမင်းတွင် ဖွင့်လှစ်ခဲ့သည်။ ဧည့်သည်များသည် Koubei App သို့မဟုတ် Alipay ၀က်ဆိုက်တွင် သုံးဆောင်မည့် ဟင်းလျာများ ကြိုတင်မှာယူထားနိုင်ပြီး မိမိရယူလိုသည့်အချိန်ကိုလည်း သတ်မှတ်ထားနိုင်သည်။ ထိုအချိန်ရောက်မှ သွားယူပြီး သုံးဆောင်နိုင်ပါသည်။

ထို့ပြင် ဤစားသောက်ဆိုင်ရောက်မှ မိုဘိုင်းဖုန်းဖြင့် ဟင်းမှာလို့ ရပါသည်။ ရွေးချယ်ထားသည့်ဟင်း၏ နံပါတ်ကိုရယူပြီး ဟင်းယူသည့်ဗီရိုမှ ယူလိုက်ရန်သာဖြစ်ပါသည်။ ထမင်းစားလိုသည့်အချိန်တွင် မိမိတို့ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ (သတင်းထောက်--Liu Ranyang)